မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၁ရက်၊ ညနေပိုင်းက ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာဆီ အင်အားဖြည့်တင်းဖို့လာတဲ့ ပခုက္ကူမြို့နယ်က အင်အား၇၀ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပခုက္ကူရေစကြိုလမ်းပိုင်း တစ်နေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ကို Southern YSO PDF ရဲ့ နတ်မိချောင်းစစ်ဆင်ရေးစစ်ကြောင်း နဲ့အတူ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)
Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)

စစ်တပ်က ရေစကြိုမြို့နယ် ဇီးကုန်းရွာကို မနက်အစောကြီး စစ်ကြောင်းထိုးတော့ အဲ့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့နဲ့ထိတွေ့မှုဖြစ်တာကတော့ ညနေ ၄နာရီပေါ့။  ဇီးကုန်း စစ်ကြောင်းကို အင်အားဖြည့်ဖို့ ပခုက္ကူကနေလာတဲ့ စစ်တပ်နဲ့ထိတွေ့မှုဖြစ်ခဲ့တာပါ။ ပခုက္ကူမြို့နယ်အဆုံးရေစကြိုမြို့နယ်အစ လမ်းပိုင်းတစ်နေရာမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းအထိုင်ပြု ပစ်ခတ်ရာ တောင်ကုန်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေက စီးနင်းနိုင်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး MA1 သေနတ် ၁လက်နဲ့ G3 သေနတ် ၁လက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် နောက်ဆက်တွဲထိတွေ့မှုဖြစ်ကြပြီး အကြမ်းဖက်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ အဲ့ဒီနေ့ညပိုင်းမှာပဲ ပခုက္ကူဆေးရုံကို  အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်းနဲ့ သေဆုံးခဲ့တဲ့ စစ်သား၃ယောက်ထက်မနည်းကိုလည်း သက်ဆိုင်ရာ ပခုက္ကူတပ်စခန်းဆီ ပြန်ပြီးသယ်ဆောင်သွားကြတယ်လို့ ကိုအောင်မောင်းက ပြောပါတယ်။

Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)
Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)
0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

ပုသိမ်မြို့ အကြမ်းဖက် တိုင်းစစ်ဌာနချုပ်က သေဆုံးစစ်သားတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိုးတိုးတိတ်တိတ် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘုတလင်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။