စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။

(၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီရဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity)” အထွေထွေဆွေးနွေးမှုအစီအစဉ်မှာသံအမတ်ကြီးကနိုင်ငံတကာကိုအခုလိုပြောကြားလိုက်တာပါ။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအတွက် ထိုက်တန်တဲ့နေရာဟာ တရားရုံးတွေနဲ့ ခုံရုံးတွေရှေ့မှောက် အပြစ်သားတွေအဖြစ်သာ ရှိသင့်ကြောင်း သံအမတ်ကြီးကဆိုပါတယ်။ 

စစ်ကောင်စီနဲ့  ထိုက်တန်သောနေရာတွေဟာ  လွှတ်တော်တွေ၊ သမ္မတအိမ်တော်တွေမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေ သို့မဟုတ် ခုံရုံးတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အတုအယောင် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင် နိုင်တဲ့ ရွေးကောက်ပွဲ  မဖြစ်နိုင်ဘူးလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်ကောင်စီကို မသမာတဲ့ ရွေးကောက်ပွဲတွေကတဆင့် ခေါင်းဆောင်တွေအဖြစ် လှည့်ဖြားခွင့်ပြုခြင်းဟာ လူသားဆန်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံအုတ်မြစ်တွေကို ပျက်ရယ်ပြုခြင်းပင် ဖြစ်ပါကြောင်း သံအမတ်ကြီးက အသိပေးပြောဆိုပါတယ်။

စစ်ကောင်စီရဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုဥပဒေဆိုးရွားစွာချိုးဖောက်မှုအဖြစ်သာမကလူသားဖြစ်တည်မှုရဲ့အနှစ်သာရကိုပျက်ယွင်းစေတယ်လို့ရှုမြင်ကြောင်း၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ပျက်ကွက်တဲ့အခါမှာထိခိုက်နစ်နာသူတွေအပေါ်မှာသာပျက်ကွက်ခြင်းမဟုတ်ဘဲကိုယ်ပိုင်လူသားဆန်မှုကိုပါပျက်စီးစေခြင်းဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီဆိုတာကို သက်သေ အထောက်အထားတွေနဲ့ တွေ့မြင်နိုင်ပြီဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေပုံ (ဓာတ်ပုံ – ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့)
0 Shares:
You May Also Like
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ

အကြမ်းဖက် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။