ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဂွမြို့နယ်အတွင်း ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ လေယာဉ်ဗုံးကြဲမှုတွေ ပြုလုပ်လာနေကြောင်း သိရပါတယ်။

ကူတို့လေးကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲခံရတာ ဒေါ်ခင်မာကြည် (အသက် ၆၂ နှစ်)၊ ဦးဝင်းဗိုလ် (၄၅ နှစ်)နဲ့ ကိုပေါက်စီ (၃၃ နှစ်) တို့ ဗုံးစထိမှန်သေဆုံးခဲ့တယ်။ သူတို့က အရပ်သားတွေနေတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာ။ တိုက်ပွဲတွေကတော့ ဒီရက်ထဲ ဖြစ်နေတာပဲလို့ ကူတို့လေး ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက် မနက် ၃နာရီမှာ ဂျက်လေယာဥ်နဲ့ လာကြဲသွားတာ။ ရွာထဲကို တည့်တည့်ကျလို့ ဒေသခံ ၃ ဦးလည်း နေရာမှာပဲ သေဆုံးခဲ့ပြီး လူနေအိမ်တွေပါ ပျက်စီးခဲ့တာလို့ အထက်ပါဒေသခံက ထပ်ပြောပါတယ်။

အောက်တိုဘာလ ၁၂ရက်နေ့ကလည်း စစ်တွေ မြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး ဒေသခံတွေကိုအတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းကာ လူနေအိမ်တွေကို ဖျက်ဆီးခဲ့ပါသေးတယ်။ ရွှေပြည်သာကျေးရွာနဲ့ ကျေးတောရွာကျေးရွာက အိမ်တွေကိုဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးယူသွားကာ သွပ်တွေ အိမ်တံခါးတွေနဲ့ ပျဥ်ပြားတွေကိုပါ သယ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အောက်တိုဘာလ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ကျေးတောရွာရှိ လူနေအိမ်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေ ခိုးယူသွားပုံ (ဓာတ်ပုံ CJ)

တဲ့ ရဲဘော်တွေက အရေးကြီးသလို ဒီရဲဘော်တွေရဲ့ ကျန်းမာရေး၊ အသက်ကယ်ဆယ်ရေးအတွက် တာဝန်ယူပေးနေတဲ့ ဆေးမှူးတွေကလည်း မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တိုက်ခိုက်ရေးသမားလုပ်ဖို့ တောထဲရောက်လာခဲ့ပေမယ့် တော်လှန်ရေး လိုအပ်ချက်အရ ဆေးမှူးဖြစ်လာသူ Lightning ကို မောင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

I am text block. Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

0 Shares:
You May Also Like
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။