မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့က ရှိတဲ့ပြစ်မှုအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရေးဘီလူးတပ်ဖွဲ့ဆီက သိရပါတယ်။
“သူက လက်နက်ကိုင်အဖွဲ့စည်းလည်းမဟုတ်တော့ ပထမအကြိမ်အနေနဲ့တော့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး အပြစ်တစ်ခုအနေနဲ့တော့ ဒဏ်တခုခုဆောင်ရွက်သွားမှာပါ။ ဒုတိယအကြိမ် ပြစ်မှုကျူးလွန်လာရင်တော့ ထိုက်တန်တဲ့ အပြစ်ပေးဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ရေးဘီလူးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ပုံစာ – ဖမ်းဆီးခံရတဲ့ ရာအိမ်မှူး
0 Shares:
You May Also Like
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရလို့ ၄ ယောက် သေပြီး ၆ ယောက် အပြင်းအထန် ထိခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်​အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။