စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက် မနေ့က ညပိုင်းမှာ ကန့်ဘလူမြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ ( တကရ) တင့်ကားတပ်ရင်းကနေ ထွက်ခွာလာတဲ့ သဃ်န်းဝတ် ဝါသဝနောက်လိုက် စစ်သား၊ ပျူတွေပါတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်အုပ်စုဟာ ငါတို့ရွာ ပျူစောထီးစခန်းထဲ ဝင်ရောက်တပ်စွဲရင်း နောက်တစ်နေ့ (အောက်တိုဘာ ၁၂ရက်) မွန်းလွဲပိုင်းမှာ အင်းလယ်ကြီးရွာဆီ ဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် အင်းလယ်ကြီးရွာနေ မဖြူဝင်း (အသက် ၃၀ နှစ်) နဲ့အတူ အသက်မပြည့်သေးတဲ့ မသိမ့်သိမ့်ဖြူ (အသက် ၄ နှစ်) နဲ့ မငြိမ်းအိစံ (အသက်၁၀နှစ်) တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ယောက်ရှိတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
” ၆၀၀၆ တင့်ကားတပ်ရင်းကလာတဲ့ ကောင်တွေဆိုတော့ ဝါသဝနောက်လိုက်တွေပါတယ်ဗျ။ ဒီကောင်တွေ အင်းလယ်ကြီးရွာကို ဗုံးမချခင် မနက် ၂နာရီလောက်က ရွာမရွာထဲက အရပ်သားအိမ်တွေဆီအရင်ဆုံးဗုံးသီးတွေကြဲချခဲ့ပါတယ်။ အထိအခိုက်ရှိမရှိကိုတော့ အတိအကျမသိရသေးပါဘူး။ ဒီကောင်တွေအထိုင်ချထားတဲ့ ငါတို့နဲ့ အင်းလယ်ကြီးကဝေးပါတယ် ” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ လက်ရှိမှာ အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင်ရောက်တာမျိုးမရှိပေမယ့်လည်း စခန်းချရာ ပတ်ဝန်းကျင် အနီးအနားက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာတွေ ၊ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ လုပ်ဆောင်ရင်းနဲ့ပဲ အနီးအနားကျေးရွာတွေဆီ ဒရုန်းဗုံးသီးချတိုက်ခိုက်တာတွေလုပ်ဆောင်နေတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးမိပြီး သေဆုံးခဲ့သူအရေအတွက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ၆ယောက်အထိရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပုံစာ – ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အင်ဒို ဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု NUCC ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ၆ ရက်တာ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲကို အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ မပါဝင်တာသေချာမှ လက်ခံတက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ရွှေဘိုမြို့နယ် အမှတ်- ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စု ၁၈ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာ ၁ ပါးနှင့် လူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ယောက် ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ရရှိခဲ့ကြောင်း BNRA ထုတ်ပြန်၊ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းရင်း BNRA ရဲဘော် ၉ ယောက် ကျဆုံးခဲ့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ကာ မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။