၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးအပ်သွားမယ့် အစီအစဉ်ကို တောင်ကိုးရီးယားသမ္မတ ယွန်ဆော့ယိုလ်က အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အင်ဒိုပစိဖိတ်ဒေသတဝှမ်းနိုင်ငံတွေအနေနဲ့သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဆွေးနွေးမှုတွေကလူသားချင်းစာနာမှုအကျပ်အတည်းကိုကိုင်တွယ်ဖြေရှင်းရာမှာအထောက်အကူဖြစ်နိုင်ကြောင်း၊မြန်မာပြည်ဟာအဲဒီအချက်ကိုသက်သေပြနိုင်တဲ့နေရာတစ်ခုဖြစ်ကြောင်းတံခါးပိတ်အစည်းအဝေးမှာသမ္မတယွန်ကပြောဆိုခဲ့တယ်လို့တောင်ကိုးရီးယားသမ္မတရုံးကထုတ်ပြန်ပါတယ်။

ဘက်စုံပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ တောင်ကိုရီးယားဟာ မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အရင်နှစ်ထက် လေးဆတိုးမြှင့်ဖို့ စီစဉ်နေကြောင်း သမ္မတရဲ့ အမျိုးသားလုံခြုံရေးရုံး ပထမလက်ထောက်ညွှန်ကြားရေးမှူး ကင်မ်ထယ်ဟို က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောင်ကိုးရီးယားနိုင်ငံဟာ မြန်မာပြည်အတွက် နှစ်စဉ် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေနဲ့ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၅.၆ သန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ကန်ဒေါ်လာ ၅.၈ သန်း ပေးအပ်ခဲ့တာပါ။

အခုနှစ်ကစလို့ အင်ဒိုပစိဖိတ်နိုင်ငံတွေရဲ့ ဒီမိုကရေစီမြှင့်တင်ရေး ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေအတွင်းတက်ကြွစွာပံ့ပိုးကူညီဖို့  ISEAS – Yusof Ishak Institute က ကျင်းပတဲ့ သူ့ရဲ့ ၄၇ ကြိမ်မြောက် Singapore  Lecture မှာကတိပြုပြီးတဲ့နောက်ရက်အနည်းငယ်အကြာမှာသမ္မတယွန်ကအခုလိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် ယူကရိန်းစစ်ပွဲရှည်လျားနေမှုအတွက် ရုရှားနဲ့ မြောက်ကိုရီးယားကြား တရားမဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ယွန်က အပြစ်တင်ထားပြီး စည်းမျဉ်းအခြေခံတဲ့ နိုင်ငံတကာစနစ်ကို ကာကွယ်ဖို့ နိုင်ငံတကာအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ကိုလည်း တိုက်တွန်းကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မူရင်းYoon unveils $23m humanitarian aid to Myanmar

President Yoon Suk Yeol (center) attends the ASEAN Plus Three Summit in Vientiane, Laos on Thursday. (Pool photo via Yonhap)
0 Shares:
You May Also Like
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို တီမောပယ်ချ

တီမောလက်စ်တေကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်အပေါ် စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ “အကျိုးမရှိ၊ မလျော်ကန်ဘူး” လို့ တီမောသမ္မတက ပယ်ချလိုက်ပါတယ်။ 
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။