မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People’s Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။

ခလရ ၇၇ တပ်က အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ဟာ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက မကျီးကန်အုပ်စုအတွင်း တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းမိကာ အထိနာခဲ့ပြီး ကုက္ကိခွရွာ ကြွယ်ပုံရွာမှာ ညအိပ်စခန်းချနေစဉ် တော်လှန်ရေးတပ်တွ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၀ ရက်မှာ ကြွယ်ပုံရွာကနေ ပြန်လည်ဆုတ်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို People’s Defence Force -Yenangyaung (YNG-PDF) Tamar Myay Special  Column(တမာမြေအထူးလှုပ်ရှားစစ်ကြောင်း)နဲ့ အင်တောတိုက်နယ် (ပကဖ)တို့ ပူပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း မောင်လှကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့၊ စစ်ကော်မရှင် ပူးပေါင်းအင်အား ၃၀၀ ခန့်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Black Dragon Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းမှာ အကြမ်းဖက်စစ်ကောင်တပ်သားတွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်း ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖမှ ထုတ်ပြန်ထားပါတယ်
Read More

အသက်ထက် သေနတ်က ဈေးကြီးနေတယ်ဆိုတဲ့ အညာဒေသ တော်လှန်ရဲဘော်များ (ရုပ်/သံ)

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက သေနတ်ကောက်ဖို့ ကြိုးစားကြတဲ့ အညာဒေသ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ဧရာအနောက်မြို့တော်သို့ ကမ်ပိန်းကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

စေတုတ္တရာမြို့နယ် ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရုပ်သံ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထုတ်ပြန်

မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပခုက္ကူခရိုင် တပ်ရင်း-၁၅မှ ယနေ့ ဧပြီ ၁၂ ရက်က ထုတ်ပြန်လိုက်ပါ တယ်။
Read More

ဖလမ်းမြိုသိမ်း စစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲများမှ ဖမ်းဆီးရမိသော ပြည်သူ့စစ်မှုထမ်း (ပစ) များ၏ ထွက်ဆိုချက်များ (ရုပ်/သံ)

"ကျနော်တို့ ထွက်မပြေးနိုင်ရင်တောင်မှပဲ ဒီလိုလက်နက်ချဖို့ အခွင့်အရေးကြုံလာခဲ့တာတောင်မှ လက်နက်ချလို့ရှိရင် အထက်က လူတွေက လက်နက်ချတဲ့ လူမှန်သမျှ ပစ်သတ်မယ်လို့ ပြောလို့ ခြိမ်းခြောက်ခဲ့လို့ ကျနော်တို့ လက်နက်မချခဲ့ရတာပါ။ သူတို့နဲ့လည်း ကွဲလာရော လက်နက်ချနိုင်ခဲ့ပါတယ်''
Read More

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (ရုပ်/သံ)

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ၄င်းတို့ရဲ့တပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MSRF  က ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။