ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။

အောက်တိုဘာ ၉ ရက်၊ ညနေပိုင်းအချိန်ကစလို့ ရေတာရှည်မြို့နယ်ထဲက ရွှေသောင်ရွာဟောင်း၊ သစ်နံ့သာနဲ့ရွာသာယာရွာတို့ကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဒရုန်း ကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်များ (ဓာတ်ပုံ Yedashe Township Information)

အကြမ်းဖက်စစ်ကောင်စီက စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ကျွန်းတောကုန်းနဲ့ နှောပင်ကျေးရွာထဲကို ဒရုန်းတင်ဆောင်လာတဲ့ ကားနဲ့ ဝင်ရောက်ပြီး မိချောင်းအိုင်အုပ်စု၊ ရွှေသောင်ရွာဟောင်းဆီ Drop Bomb တွေအရင်ဆုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အထက်ပါ ဗုံးသီးတွေက ရွှေသောင်ရွာဟောင်းမှာနေထိုင်တဲ့ ဦးသန်းလွင်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဦးသန်းလွင် အပါအ၀င် လူ၃ယောက်ကိုထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီက သစ်နံ့သာရွာ စည်ပင်ကျောင်းအနီးကို ဗုံးသီးတွေ ထပ်မံကြဲချခဲ့ရာ နေအိမ် ၁လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရွာသာယာရွာ ရေစင်အနီးကိုလည်း ဗုံးသီးတွေကြဲချခဲ့တဲ့အတွက်  ကလေးငယ် ၁ယောက် လက်မောင်းထိမှန်ခဲ့တယ်လို့ Yedashe Township Information က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညပိုင်းမှာလည်း ရွှေသောင်ရွာဟောင်းကို ဒရုန်းနဲ့ ဗုံးသီးတွေထပ်မံကြဲချခဲ့သေးတယ်လို့သိရပါတယ်။

ရေတာရှည်မြို့နယ်ထဲ အခုလိုမျိုး အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေရှိလာတဲ့အတွက်  အရပ်သားပြည်သူတွေအနေနဲ့ ပေါက်ကွဲသံတွေ၊ ကောင်းကင်က ပန်ကာဒလတ်သံတွေကြားရပြီဆိုရင် မိမိတို့နေအိမ်ထဲက လုံခြုံစိတ်ချရတဲ့ နေရာတွေမှာပဲ နေထိုင်ကြဖို့နဲ့ ကလေးသူငယ်တွေကို လမ်းပေါ် လွှတ်မထားကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ချောင်းမကျည်းဆည်နားမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ယောက်ကို ပစ်သတ်ပြီး ၃ယောက်ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ဒရုန်း ကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်များ (ဓာတ်ပုံ Yedashe Township Information)
0 Shares:
You May Also Like
Read More

ရေစကြိုမှာ ပေါ်တာဆွဲပြီး ရက်တိုစစ်သင်တန်းပေးခံရသူတွေ လူသားဒိုင်းအဖြစ် ကင်းစောင့်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သင်တန်းပေးခံထားရတဲ့အရပ်သား၅၀ ကျော် နေရပ်ပြန်ခွင့်မရဘဲ လူသားဒိုင်းလုပ်ကာ ကင်းစောင့်နေကြရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီထံက သိရပါတယ်။
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။