ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း() ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon –

) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၉ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) ရဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်သူ ကိုပိုင်ဖြိုးမင်း() ဒီရေဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်နဲ့ လက်ပါးစေတို့ဟာ သူတို့ အာဏာတည်မြဲရေးအတွက် လူတစ်ယောက်ရဲ့အသက်ကို အလွယ်တကူ သတ်ဖြတ်တတ်သလို အသက်သေဆုံးနိုင်တဲ့အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်သူတွေ ဖြစ်တာကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်တဲ့ ကိုပိုင်ဖြိုးမင်းအတွက် သပိတ်အင်အားစုတွေ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒါကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ကိုပိုင်ဖြိုးမင်း() ဒီရေ၊ ကိုဇော်လင်းထွဋ် ()ဖိုးသား၊ ကိုအောင်မင်းခိုင် ()မဲကြီးနဲ့ မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်တွေကို စစ်ကောင်စီက လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းပြီး အသက်ကို အလွယ်တကူ ရယူမသွားနိုင်စေဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ၊ သပိတ်အဖွဲ့တွေအနေနဲ့ ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြဖို့ AJAY က တောင်းဆိုထားပါတယ်။

လွတ်လပ်ခြင်းနဲ့ လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့တဲ့ ကိုပိုင်ဖြိုးမင်း () ဒီရေ နဲ့အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်တွေအတွက် ပိုပြီးကြိုးပမ်းကာ လူထုသပိတ်အင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းသွားမယ်လို့ AJAY က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လူထုသပိတ်အင်အားစုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်လာနေပြီး စစ်အာဏာရှင်နဲ့ နောက်လိုက်တွေဟာလည်း တန်ပြန် စစ်ဆေးဖမ်းဆီးမှုတွေ အရင်ထက် ပိုမိုပြီး  ပြုလုပ်လာတာဖြစ်ပါတယ်။

(ဓာတ်ပုံ AJAY)
0 Shares:
You May Also Like
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
Read More

ပုဂံမြို့သစ်တွင် ဆက်ကြေးကောက်နေသည့် ပျူခေါင်းဆောင်နှင့် နောက်လိုက် ၈ ယောက်ကို ပစ်ခတ်ရှင်းလင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။