စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်စခန်း ခမရ(၁၆)၊ ခမရ (၃၆၃)၊ ခမရ(၃၆၈)၊ ခလရ(၈၇)၊ ခမရ(၁၀၁)၊ခလရ(၃၀၁) တပ်ရင်းတွေနဲ့ ရဲ၊ SNA ၊ ပျူစောထီးတပ်ဖွဲ့တွေကို နှစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ရပြီးမှ ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပင်လည်ဘူးမြို့က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးကို PDF နဲ့ KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်အစောပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။
လက်ရှိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတဲ့အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးဘဲ ​ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာ ၂ လနီးပါး ကြာမြင့်ခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။
ပင်လည်ဘူး၊ အင်း​တော်၊ ထီးချိုင့် မြို့​တွေကို PDF နဲ့ မဟာမိတ်တပ်​တွေက သြဂုတ်လလယ်ပိုင်းကစလို့ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အမှတ် ၁ စစ်​ဒေသကွပ်ကဲမှုနဲ့ အဲ့ဒီမြို့သိမ်းတိုက်ပွဲ​တွေမှာ PDF တပ်ဖွဲ့ဝင်​ ထောင်နဲ့ချီ ပါဝင်တိုက်ခိုက်​နေတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ် ။
ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို လည်း ဝန်းသိုမြို့ကို ပြန်လည်ပို့ဆောင်ပေးသွားဖို့ ညှိုနှိုင်းမှုတချို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။
Read More

အင်မထီးပျူရွာက ထွက်ပြေးလာတဲ့ ကလေး ၂ ယောက် အပါ အရပ်သား ၆ ယောက်ကို မြို့နယ် ပအဖ၊ ပကဖ နဲ့ PDF တွေ ကယ်ဆယ်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းမိတဲ့ PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။