မန္တလေးတိုင်း ငါးဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းရှိ ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို အောက်တိုဘာ ၅ ရက် ညနေပိုင်းက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈၊ MGN-Tiger၊ MGN-35၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ Myingyan Denger Dynamite၊ AungSan’s Blood Civilians Defense Force (ABCDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၉နဲ့ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထနောင်းကုန်းကျေးရွာရှိ ပျူခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရဲဘော် ၁၀ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ထနောင်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ တစ်ဦး၏ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၆ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် -၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန် ထားပါတယ်။
Read More

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်တွေက ကယ်ထုတ်နေကြတဲ့ ဗီဒီယိုဖိုင်ကို Budalin Defense Force မှ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအကြမ်းဖက်စစ်တပ်က ဘုတလင်မြို့နယ် ဇီးတောရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့အ တွက် ဘုတလင်မြို့နယ်ထဲက အရှေ့ကံ၊ ဇီးတော(န)ရွာ၊ သရက်တိုရိုးရွာ၊ ရွှေချောင်းလည်ရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသထဲက မြို့နယ် ၁၁ မြို့နယ်ထဲမှာ ဘုတလင်မြို့နယ်လည်း ပါဝင်နေပါတယ်။
Read More

ရွှေဂူနီဘုရားတွင် အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများထံ ရိက္ခာလာပို့သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။