မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ရေစကြိုမြို့ပေါ်မှာ ဓားပြတိုက်၊ လူသတ်မှုတွေ တနေ့တခြား ဆိုးရွားနေရာ မြို့နေအရပ်သားတွေအဖို့ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်၊ ည၈နာရီကျော်လောက်ကလည်း ရေစကြိုမြို့၊ အမှတ် ၈ရပ်ကွက်အတွင်းက နေအိမ်တွေ ဓားပြတိုက်ခံရပြီး ဖုန်း၊ ငွေကြေးနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ရက်၊ မနေ့ကလည်း အရပ်သားလူငယ်တစ်ယောက်ကို စစ်အုပ်စုက PDF လို့ စွပ်စွဲသတ်ဖြတ်ခဲ့ပြီး အလောင်းကို မြစ်ထဲမျှောချခဲ့ရာ အောက်တိုဘာ ၆ရက်၊ ဒီနေ့မနက်ပိုင်းမှာ အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
“အခုက မြို့ပေါ်မှာ မထင်ရင်မထင်လို ဖမ်းတာ သတ်တာတွေ လုပ်နေတာ၊ နယ်တွေကို သူတို့ မစိုးမိုးနိုင်တော့ မြို့ပေါ်မှာ ရမ်းကားနေတာလို့ ပြောရမယ်။သေတာတောင် ဓါတ်ပုံမရိုက်ရဲ၊ မငိုရဲတဲ့ အဖြစ်တွေ၊ သတင်းတွေတောင်ခိုးပေးနေကြရတာ။” လို့ ရေစကြို သတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၈နှစ်အရွယ် ကိုနောင်နောင်ဆိုသူဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ တသ်ယောက်လို့ လည်းသိရပါတယ်။
ဒါ့အပြင် ဒီနေ့မနက်အ​​စောပိုင်းကပဲ အမှတ် ၈၊ စိတ္တသုခတောင်ပိုင်းရပ်ကွက်၊ ဘောလုံးကွင်းအနီးက နေအိမ်တစ်အိမ်မှာ ဓားပြတိုက်မှုတစ်ခုဖြစ်ခဲ့ပြီး ရွှေငွေလက်ဝတ်ရတနာတွေနဲ့ ငွေသားတွေ ပါသွားခဲ့တယ်လို့ သိရပါတယ်။
“ဓားပြတိုက်ခံရတဲ့ နေရာနဲ့ မအလ စခတွေပျူတွေကင်းပုန်းဝပ်နေရာ နီးတယ်။ ဒီကောင်တွေညဘက်ဆို ကင်းပတ်ပြီး မနက်ဆိုပြန်သွားနေကျ” လို့ ရေစကြို သတင်းအချက်အလက်ကော်မတီက ပြောပါတယ်။
ဒီဖြစ်စဥ်အပြင် ဒီနေ့နေ့လည်ပိုင်းကလည်း အမှတ် ၁ ၊ ထင်တန်းရပ်ကွက်ထဲက နေအိမ်တွေကို အကြမ်းဖက် စစ်အုပ်စုတွေဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်သယ်ဆောင်ရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေစကြိုမြို့ပေါ်နေ စစ်အုပ်စုတွေက ရုံးပေါင်းစုံတပ်အပါအဝင် စာသင်ကျောင်းတွေမှာသာတပ်စွဲထားပြီး အုပ်ချုပ်ရေးပိုင်း အာဏာသက်ရောက်ခြင်း မရှိပေမယ့် လူသတ်၊ ဓားပြမှုတွေကတော့ ပိုပြီးဆိုးရွားလာတာ ဖြစ်ပါတယ်။
“မြို့ပေါ်မှာ စခတွေ သိပ်မရှိဘူး၊ ရပ်ကွက်တွေထဲက သူခိုး ဂျပိုးတွေကို ပေးကမ်းစည်းရုံးထားပြီး လက်နက်တွေထုတ်ပေးထားတာ။ ဒါကြောင့်ရမ်းကားချင်တိုင်း ရမ်းကားနေတာ၊ မြှောက်ပေးထားတာပေါ့။ ဓားပြမှုတွေဖြစ်တာလည်း ဒီကောင်တွေလက်ချက်ပဲ။ PDF ဆိုပြီး ပုံမှားရိုက်ပေမယ့် မြို့ခံတွေက သူတို့မှန်းသိတယ်။ မပြောရဲလို့သာ နေကြတာ။ အဲ့စခတွေက သူတို့အတိုက်ခံရပြီဆို ပြည်သူတွေကိုလက်နက်ကြီးပစ်ဖို့ပဲသိတာ” လို့ ရေစကြို သတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
ပုံစာ – စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အရပ်သားလူငယ်
0 Shares:
You May Also Like
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

ယင်းမာပင်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

ယင်းမာပင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူတွေ သိရှိနိုင်ဖို့  လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးမှုကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေး MRTV ဝန်ထမ်း အဖမ်းခံရ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က ဝန်ထမ်း မနှင်းယဉ်ဖြူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတစ်ဆင့် သိရပါတယ်။
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။