မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်၊ မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ တပ်စွဲထားတဲ့ မင်းနေကုန်း ရဲစခန်းကို တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့ဝင်တွေက ၆ဝ မမ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းထဲ စကစရော  ရဲရောဆိုတော့ ခန့်မှန်းခြေ အင်အား၁ရာလောက်ရှိမယ်ဗျ။ ကြားထားတာပေါ့နော်။ Fixed Wings Drone နဲ့ ဗုံးသီး ၁၅လုံးရယ်၊ လက်နက်ကြီး ၆၀မမ ၅လုံးရယ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုကွက်တိကျခဲ့သလို လွဲသွားတာတွေလည်းရှိပါတယ်လို့ Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

လက်ရှိမှာ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ မြို့သိမ်း၊ မြို့ထိန်း၊ စခန်းသိမ်းတွေအတွက် အရေးပါတဲ့ End Point ကမ်ပိန်းကို ပြုလုပ်နေတယ်လို့လည်း ဗိုလ်မိုက်ခဲကပြောပါတယ်။

မင်းနေကုန်းရဲစခန်း စစ်အုပ်စုတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေလည်းရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ကျနော်တို့တွေရဲ့တိုက်ခိုက်မှုကြောင့် စခ ၃ ကောင် ဒဏ်ရာရရှိသွားတယ်လို့ကြားရတယ်။ နောက်ပြီး သေတဲ့ကောင်တွေကိုလားမသိ မီးရှို့နေတယ်လို့ကြားတယ်ပေါ့နော်။ ဘယ်လောက်သေလဲကိုတော့ ဆက်လက်စုံစမ်းနေဆဲ  ဖြစ်ပါတယ်။လို့ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) တပ်ဖွဲ့ဝင်တစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့အတူ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်၈၊ MGN-35၊ နွားထိုးကြီးမြို့နယ်ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ Myingyan Denger Dynamite AungSan’s Blood Civilians Defense Force (ABCDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်၉၊ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

MBT နဲ့ တော်လှန်ရေးပူးပေါင်းရဲဘော်တွေ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ် (ဓာတ်ပုံ MBT)
0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ ဆီ ညောင်ကိုင်းပျူစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ပူးပေါင်းပြီး ဒေသတွင်းနေထိုင်သူ ပြည်သူတွေကို လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ်၊ မလည်ရွာက စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်​ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူတွေ ဆက်တိုက်သုံးပြီး ဗုံးကြဲခုခံနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။