NLD အစိုးရ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသနေရချိန် အကြမ်းဖက်စစ်ကောင်စီက အခုရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
၂၀၁၉ ခုနှစ်မှာ သွေးကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးဟာ အခုရက်ပိုင်းအတွင်း ပိုမိုဆိုးဝါးလာခဲ့ပြီး သတိလစ်နေတာ ၂ ရက်ခန့်ရှိပြီဖြစ်သလို လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ အလွန်ဆိုးဝါးနေတယ်လို့ သိရပါတယ်။
ကင်ဆာရောဂါ ပြင်းထန်စွာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲက စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မတွေအမျိုးမျိုးတပ်ကာ မန္တလေးအိုးဘိုထောင်မှာ ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမရပူရ မဲဆန္ဒနယ်ကနေ ဝင်ရောက်ရွေးကောက်ခံခဲ့ပြီးနောက် မန္တလေး တိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ကာ ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျပ်ဘီလီယံနှင့်ချီ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်သက်ဆိုင်ခြင်းမရှိဟု AA ထုတ်ပြန်၊ စစ်ရှုံးကောင်စီ၏ ရှက်ရမ်းရမ်းကာ အငြိုးအတေးကြီးစွာ စွပ်စွဲချက်သာဖြစ်သည်ဟု ဆို

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို ရန်ကုန်မြို့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားမှုဟာ စစ်အစိုးရအဆက်ဆက် လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးယုတ်မာမှုသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘောလခဲ ခမရ ၄၂၉ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။