ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေဆီ စစ်ကူပို့လိုက်တဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်း လမ်းမှာ ကားမှောက်ပြီး စစ်သားတချို့သေကာ ထိခိုက်မှုတွေလည်းရှိခဲ့ကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းထဲက အကြမ်းဖက်စစ်သားတွေကို စစ်ယာဉ်တန်း ၈စီးနဲ့ ပို့ခဲ့တာဖြစ်ပြီး ရိုးချောင်း တောင်ပေါ်လမ်းမှာ ၂စီး တိမ်းမှောက်ခဲ့တာကြောင့် ၆ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အားလုံး အကြမ်းဖက်စစ်ကား ၈စီးနဲ့ ဂွမြို့နယ်ကိုအပို့ခံရတာ။ အောက်တိုဘာ ၄ရက်နေ့က မိုးအရမ်းရွာလို့ လမ်းချော်ပြီး ရိုးလမ်းဘေးထိုးကျတိမ်းမှောက်သွားတာ။ အကြမ်းဖက်စစ်သား ၆ ဦးသေတယ်။ အများအပြား ထိခိုက်ဒဏ်ရာတွေ ရထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဂွမြို့နယ်ကို တက်သွားတဲ့ ယာဥ်တန်းကတော့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေက အပို့ခံရတဲ့အကြမ်းဖက်စစ်ယာဥ်တန်းပဲ။ သေတာ ဘယ်မြို့နယ်က အကြမ်းဖက်တပ်ကလဲဆိုတာ မသိရသေးဘူးလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းထဲဟာ စစ်သားအများစုဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေဆီ အပို့ခံနေရပြီး တပ်ရင်းလိုက် သေဆုံးမှုတွေ ရှိနေတာကြောင့် စစ်ကောင်စီဟာ တပ်တွေရဲ့ ထုတ်နုတ်အင်အားတွေနဲ့ သင်တန်းဆင်း တပ်သားသစ်တွေကိုပါ ပို့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်က မော်လမြိုင်မှာ တိမ်းမှောက်ခဲ့တဲ့ စစ်ကားတစ်စီး (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များအပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ တိုးလာဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေအပြီးမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အကြမ်းဖက်မှုတွေ တိုးပြီး ကျူးလွန်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် စစ်အရာရှိများကို သင်တန်းပေးနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။