ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်ဝိုးကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ( ၄ )ရက်က နောင်ဝိုး တိုက်ပွဲမှာ ရွပ်ရွပ်ရွှံရွှံတိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရတဲ့ ရဲဘော် ကျော်ကျော် ( ခ ) နော်စိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် 1009 တပ်ရင်း ၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)မှာ တာဝန်ထမ်းဆောင်နေတာပါ။
ရဲဘော် နော်စိုင်းရဲ့ အသက်ပေးဆပ်ခဲ့မှုကို အင်းလေး PDF အနေနဲ့ နှမြောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးနီပြုတယ်လို့ ဆိုပါတယ်။
ကျဆုံးရဲဘော်ရဲ့ မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက်‌‌ လက်ဆင့်ကမ်းပြီး ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ရဲဘော် မြတ်သူ
0 Shares:
You May Also Like
Read More

အင်းတော် ဓားပြမှုအတွင်း အိမ်ရှင်လင်မယား အသတ်ခံခဲ့ရပေမယ့် မိန်းမဖြစ်သူ အသက်ရှင်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာအုပ်စု၊ အောင်လယ်ပြင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ပိုင်ရှင်က ဓားပြတွေရဲ့ ရုပ်ကို မှတ်မိသွားတာကြောင့် အစအနဖျောက်တဲ့အနေနဲ့ လင်မယား နှစ်ယောက်လုံးကို သတ်ခဲ့ပေမယ့် မိန်းမဖြစ်သူ အသက်ရှင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

ကန့်ဘလူမြို့နယ်မှာ ပြည်သူများကို အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ အသိပညာပေးမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှုကို စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။