၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖက်ဆစ်တပ်က ပျူတွေ မွေးမြူဖို့ လက်နက်တပ်ဆင်ပေးတာကို စစ်ကျွန်မခံလိုတဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရာက စစ်ဘေးရှောင်စခန်းတည်ဆောက်ကာ စစ်တပ်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို အိုးအိမ်စီးပွားစွန့်လွှတ် အံ့တုကာ တော်လှန်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတည်ရှိရာ‌နေရာမှာ ကျန်းမာရေးဆေးဝါးတွေနဲ့ ပညာရေးလိုအပ်ချက်တွေများစွာ ရှိနေတယ်လို့ တကသများရန်ကုန်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။