မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) ကို အောက်တိုဘာလ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီသင်တန်းဖွင့်ပွဲကို တပ်ဖွဲ့ရဲ့ ယောနက ခန်းမမှာ ကျင်းပခဲ့ပြီး တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ အရာရှိအရာခံ အကြပ်စစ်သည်တွေနဲ့ သင်တန်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဖွင့်ပွဲမှာ တပ်ဖွဲ့ ဥက္ကဌ ရဲဘော်ယောလေးက “စစ်သင်တန်းဆိုတာ ကိုယ်၊ စိတ် နှစ်ခုလုံး ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ပေးတာဖြစ်ပြီး စည်းကမ်းကောင်းမွန်တဲ့ ပြည်သူ့တော်လှန်ရေးတပ်သားတွေ ဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးတာဖြစ်တယ်”လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး “စစ်ပညာဆိုတာ လူတိုင်တတ်ထားသင့်တယ်။ ဒါမှ အရေးအကြောင်းကြုံလာရင် အဆင်သင့်ဖြစ်မှာဖြစ်တယ်။”လို့ သင်တန်းမှူး ဖြစ်တဲ့ တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်လူလှက ပြောပါတယ်။
အဲ့ဒီနောက် တပ်ရင်းမှူး ရဲဘော်တာရာက သင်တန်းသားတွေကို တပ်ဖွဲ့ရဲ့ သင်တန်းနဲ့ လေ့ကျင့်ရေးဌာနဆီ အပ်နှံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခြင်း၊ တပ်ဖွဲ့ သစ္စာဓိဌာန် (၅) ချက် ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရဲဘော်တွေဟာ လေ့ကျင့်မှုအသစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုအသစ်တွေ လုပ်ဆောင်ပြီးတဲ့နောက် ရှမ်းတောင်စစ်ဒေသဆီ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို အဆိုပါတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

၈ ထပ် ရေတံခွန်တွင် ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်း ပြန်လည်ရရှိ

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ပွင့်ဖြူတွင် လက်နက်ချဖို့ ငြင်းဆန်သည့် ပျူစောထီးများ စီးနင်းတိုက်ခိုက်ခံရ၊ ၃ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ သတိပေးချက်အတိုင်းလက်နက်ချအညံ့မခံတဲ့ ​ပျူစောထီးတွေကို သွားရောက်တိုက်ခိုက်ရာ ၃ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။