တပ်စခန်းစွန့်ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၃၀ထပ်မနည်း သေဆုံးကာလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က အသိပေးထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ရက်နေ့ကဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအ၀င် ၃၀ ထက်မနည်းသေဆုံးပြီး သေနတ်အလက် ၃၀ကျော်ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ် ကောင်စီတပ်ကို လယ်ဝါးထာနှင့် စောမူပလောဒေသတွင် KNU/KNLA တပ်မဟာ(၅) လက်အောက်ရှိ ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်းစစ်ကောင်စီမှ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၂)ဦးအပါအဝင် ၃၀ဦး မရှုမလှသေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)ကထုတ်ပြန်ပါတယ်။
Photo – စစ်ကောင်စီထံက ရရှိလိုက်တဲ့ သေနတ်များ
0 Shares:
You May Also Like
Read More

ရွှေတိဂုံစေတီတော် အထက်ပစ္စယံပေါ် ဝရမ်းပြေး မင်းအောင်လှိုင် တက်ရောက်ရွှေသင်္ကန်းကပ်

လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းကြေညာခံထားရပြီး  ရက်ပိုင်းအကြာမှာပဲ  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ရဲ့ အထက်ပစ္စယံအထိ တက်ရောက်ပြီး ရွှေသင်္ကန်းကပ်လှူခဲ့တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။