အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှကြီးမှူးကျင်းပသော အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၃ ရက်က ပုလောမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အလံတော်နဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးက ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ပေးပို့လာတဲ့သဝဏ်လွှာကို ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခြင်း၊ ဆုရရဲဘော်တွေကို ဆုချီးမြှင့်ခြင်းနဲ့ အခမ်းအနား တက်ရောက်လာတဲ့ တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေနဲ့ သင်တန်းဆင်းရဲဘော်တွေ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်အုပ်စုလက်ပါးစေတွေ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းရှင်တွေဆီက အခွန်ငွေတောင်းခံနေ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ နယ်မြေစိုးမိုးမှု ဘယ်လောက်မှမရှိတော့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ အခွန်ငွေတွေ မတရားကောက်ခံနေကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။