မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျွန်းခုံသာရွာသား ၁ ယောက် ခေါင်းကို ဗုံးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျွန်းခုံသာရွာ နဲ့ ရေရှင်မရွာကြားကို ဂျက်ဖိုက်တာနဲ့ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်းခုံသာရွာသား ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၁၂ နာရီ မိနစ် ၂၀ မိနစ်လောက်မှာ ပထမဆုံးအကြိမ် ဗုံး၂ လုံး လာကြဲပါတယ်။ နောက် ၁၂ နာရီ ၄၅ မိနစ်လောက် ကျ နောက်တစ်ကြိမ် ပြန်လာပြီးဗုံး ၃ လုံးထပ်ကြဲပါတယ်။ ၂ ကြိမ်မှာ ဗုံး ၅ လုံးကျဲသွားတယ်ပေါ့။ အဲ့မှာ ၃ လုံး ပေါက်ကွဲပြီး ကျွန်းခုံသာရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ယောက် ခေါင်းကို ဗုံးမှန်ပြီး သေပါတယ်။လို့ ဒေသခံ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ဂျက်ဖိုက်တာက ကလေးဂန့်ဂေါ ကားလမ်းမဘေး၊ ကျွန်းခုံသာရွာ နဲ့ ရေရှင်မရွာကြား ဒေသခံတွေ အပန်းဖြေရာ ရှုခင်းသာ View Point ကို ဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ရေရှင်မ ရွာထဲလည်း ဗုံးစတွေ မှန်တယ်လို့ပြောကြတယ်။ အခြားလူတွေ ထပ်ပြီးထိခိုက်တာမျိုးတော့ မရှိပါဘူး။ အဲ့ရှုခင်းသာနားကို ရောက်နေတဲ့အမျိုးသားပဲ ဗုံးစမှန်ပြီး သေခဲ့တာပါ။ ဓားမလေးခါးနောက်ချပ်လို့ သေသွားတာ။ တောသူတောင်သား အပြစ်မဲ့အရပ်သားပါဗျာ။ နောက်ပြီး မီးတိုင်တွေလည်း လဲတယ်လို့ ပြောပါတယ်လို့ အဲ့ဒီဒေသခံက မောင်းသတင်းဌာနကို ဆက်ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ Mi35 ရဟတ်ယာဥ်တွေက မြို့နဲ့အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လော်ဘီဝါဒဖြန့်မီဒီယာတွေမှာတော့ ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ရေးသားဖော်ပြနေတာလည်း ဖြစ်ပါတယ်။

လေကြောင်းထိမှန်ပြီးသေဆုံးခဲ့တဲ့ ကျွန်းခုံသာ ရွာသား
0 Shares:
You May Also Like
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် အကြမ်းဖက်စစ်တပ် ပြန်ဝင်လာမည်ကို မလိုလားသည့် ပြည်သူများ သံပုံးတီး ဆန္ဒပြ

အကြမ်းဖက်စစ်တပ် ရောက်လာမှာကို မလိုလားကြတဲ့ မိုးကုတ်မြို့နေပြည်သူတွေက နိုဝင်ဘာလ ၆ ရက် မနေ့ညပိုင်းမှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် (၉) အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်လိုအပ်ချက်အတွက် ​ဖိအားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။