မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ ဂန့်ဂေါမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အရပ်သားတွေကို အခကြေးငွေကောက်ခံပြီး Starlink Wifi အသုံးပြုခွင့်ကို တစ်လတိတိ ပိတ်သိမ်းထားဖို့အတွက် ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်အကြောင်းကြားထားတာလည်းဖြစ်ပါတယ်။
မလိုအပ်တဲ့ စစ်ရေးသတင်းပေါက်ကြားမှုတွေ ရှိနေတာကြောင့် ပြည်သူတွေဆီက အခကြေးငွေယူပြီး အသုံးပြုခွင့်ပေးနေတာကို တစ်လတိတိပိတ်သိမ်းထားဖို့နဲ့ ခရိုင်ရဲ့စစ်ရေးလိုအပ်ချက်အရသာ အသုံးပြုဖို့ ညွှန်ကြားထားတယ်လို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။
ဒီအပေါ် ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက Starlink Wifi အသုံးပြုခွင့်ပေးတာနဲ့ စစ်ရေးသတင်းကျိုးပေါက်တာ ဘာမှမဆိုင်ဘူးလို့ ပြောပါတယ်။
” စတားလင့်ပိတ်ခြင်းမပိတ်ခြင်းနဲ့ စစ်ရေးသတင်းကျိုးပေါက်ခြင်းနဲ့က မဆိုင်ဘူးပြောချင်တယ်ဗျ။ ဘာလို့ဆို စတားလင့်ကို ပိုင်ဆိုင်ထားတဲ့သူ အများစုကလည်း တပ်ရင်းတပ်ဖွဲ့ ဒါမှမဟုတ် ပအဖ၊ ပကဖတွေနဲ့ဆက်စပ်နေတာမလို့ စစ်ရေးသတင်း ကျိုးပေါက်နိုင်တဲ့ သတင်းအချက်အလက်ကို စဝာားလင့်ရှိတဲ့နေရာအထိ လာသုံးပြီး ပေးလိမ့်မယ်လို့ မယူဆပါဘူး။ ယောဒေသအတွက်တော့ စတားလင့်ဟာ ပြည်သူတွေအတွက် လိုကိုလိုအပ်ပါတယ်။ ဒီကာလမှာ အခကြေးငွေပေးပြီး သုံးကြတဲ့ပြည်သူများဟာလည်း လိုအပ်လို့ သုံးစွဲကြတာဘဲဖြစ်မှာပါ။ ခုလိုစတားလင့်တွေကို ပိတ်ဖို့ကြိုးစားတာက မြေပြင်က ပြည်သူတွေအတွက် အခက်အခဲဖြစ်စေလို့ လုံးဝမဖြစ်သင့်ဘူး” လို့ ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိယောဒေသမှာ MPT နဲ့ ATOM တို့လို အော်ပရေတာတွေ လိုင်းမိနေသေးတာကြောင့် Starlink ပိတ်လိုက်လို့လည်း စစ်ရေးသတင်းပေါက်ကြားမှုအတွက် ထူးခြားသွားမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။
” ယောဒေသမှာ အရင်ကရော၊ အခုရော စတားလင့်ကြောင့် စစ်ရေးပေါက်ကြားတယ်ဆိုတဲ့ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါဘူး။ တစ်ဖက်မှာလည်း စကစရဲ့လှုပ်ရှားမှုနဲ့ ပတ်သက်တာတွေကို အချိန်နဲ့တစ်ပြေးညီ သိဖို့ဆိုရင် လိုင်းရဖို့လိုပါတယ်။ ပြီးတော့ ငွေကြေးစီးဆင်းမှုနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ မိသားစုတွေနဲ့ အဆက်သွယ်ရနေတာဟာ စတားလင့်ရနေလို့ ပိုပြီးအဆင်ပြေနေတာပါ။ ပြည်တွင်းအော်ပရေတာတွေက လိုင်းမကောင်းတာ၊ အချိန်မရွေး ပိတ်ခံရနိုင်တာတွေ ရှိပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့လည်း ပြည်တွင်းပြည်ပက ထောက်ပို့တွေနဲ့ ဆက်ဆံရတဲ့အခါ လိုင်းရနေခြင်းက ပိုပြီးအဆင်ပြေစေပါတယ်” လို့ ကိုဘကောင်းက သူ့အမြင်ကိုပြောပါတယ်။
လက်ရှိမှာ ဂန့်ဂေါခရိုင်အပြင် အမှတ် ၁ စစ်ဒေသ အောက်က မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ Starlink အသုံးပြုခွင့်တွေ ထိန်းချုပ်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်းထဲက ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ကောလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစလို့ သက်ဆိုင်ရာတော်လှန်ရေးတာဝန်ရှိသူတွေက Starlink Wifi အသုံးပြုခွင့်တွေ ရပ်နားခိုင်းထားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လားရှိုးမြို့က မန်နားကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မတ္တရာက ပြည်သူ့ရဲဘော်တွေကို စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲဘော်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး လက်ကမ်းစာစောင်တွေ နဲ့ စစ် သည်တော်ကျင့်ဝတ် လက် ကမ်းစာစောင်များကို မနေ့က ပေးဝေခဲ့ တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ NUG က ထုတ်ပြန်ပါတယ်။
Read More

တပခကို တိုက်ခိုက်အပြီး တစ်နေ့တည်းမှာပဲ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။