ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်သင်တန်း တက်ရောက်နေသူတွေဟာ သာမန်အရပ်သားတွေမဟုတ်ကြဘဲ အမျိုးသားရေးအစွန်းရောက်တွေ၊ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေ ဖြစ်ကြပြီး သင်တန်းပို့ချနေတာ ၁၄ရက်ခန့် ရှိပြီလို့ သိရပါတယ်။

စစ်သင်တန်းပို့ချနေတာ ပထမဦးဆုံးအပတ်စဥ်ဖြစ်မယ်။ အဲဒီ၂၇၅ တပ်ရင်းထဲမှာက BGF တွေ ခြေချင်းလိမ်နေတာ။ BGF က ယာယီစခန်းချနေတဲ့ပုံရှိတယ်။ တပ်ရင်းထဲကနေ အကြမ်းဖက်စစ်သားတွေ အပြင်ထွက်တာတော့ မတွေ့ရဘူး။ BGF တွေပဲအဝင်အထွက်များတာ။အခုစစ်သင်တန်းပို့ချနေတယ်။

တက်ရောက်သူတွေက မဘသ အစွန်းရောက်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးတွေပဲ တက်ရောက်နေတာလို့ မြဝတီမြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

တစ်ခါမှ အခုလိုတပ်ထဲမှာ စစ်သင်တန်းပေးတာမကြားဘူး။ ဘာကြောင့် အခုမှ စစ်သင်တန်းပေးလဲတော့မသိဘူး။ ရွှေကုက္ကိုမြို့သစ်ဘက်မှာတော့ BGF ကနေ ပြန်ဖွဲ့စည်းထားတဲ့ KNA ဆိုတာတော့ ရှိတယ်။ သူတို့ဆီမှာတော့ သူတို့ထဲကို ဝင်လာတဲ့လူသစ်တွေကို သင်တန်းတွေပို့ချတာရှိတယ်။ အခု မြဝတီက ၂၇၅တပ်ကျတော့ စခန်းထဲတောင် ပေါ်ပေါ်တင်တင် မနေရဲတဲ့ကောင်တွေက စစ်သင်တန်းတောင် ပေးနိုင်နေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်

ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကာ ဧပြီလ ၁၅ရက်နေ့မှာတော့ BGF DKBA ပူးပေါင်းအဖွဲ့တွေက ညှိနှိုင်းကာ ပြန်လည်ရယူသွားခဲ့တာပါ။ အခုတော့ အကြမ်းဖက်စစ်တပ်က ခလရ ၂၇၅ ထဲ ပြန်လည်ဝင်ရောက်ကာ အခုလို စစ်သင်တန်းပို့ချမှုတွေ ရှိနေတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၅ ဗဟိုကင်း (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးတောင်ပိုင်း ကြံသာရွာမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။