ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ မနေ့က မနက်ပိုင်းလောက်မှာ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာ ရဲစခန်းက တက်လာတဲ့ အင်အား ၄၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား အလောင်းများကို လက်ရှိချိန်ထိ လာရောက်ကောက်ယူခြင်းမရှိသေးဘဲ လယ်ကွင်းထဲမှာ စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။
Read More

နေပြည်တော်မှာ ယနေ့လှုပ်ခတ်သည့် ငလျင် ဘယ်လောက်ပြင်းခဲ့လဲ (ရုပ်/သံ)

ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မှ သရက်ချောင်းသို့ အကြမ်းဖက်စစ်သားများ စီးနင်းလာသည့်စက်လှေ RPG ထိမှန်မီးလောင် ပြီး ၂၀ ကျော် သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက် စုန်ဆင်းကာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ စက်လှေ ၁ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက် ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။ 
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။