အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီး နှစ်ယောက်ဖြစ်သူကို ဖယ်ရှားပေးဖို့ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က NUCC ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဒေါက်တာလျန်မှုန်းဆာခေါင်းနဲ့ ဒေါက်တာ ငိုင်တမ်မောင်းတို့ကို တာဝန်ကနေ ဖယ်ရှားပြီး လူစားလဲပေးဖို့ အစုအဖွဲ့ကြီး ငါးဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒေါက်တာလျန်မှုန်း ဆာခေါင်းဟာ NUG အစိုးရအဖွဲ့မှာ ဖက်ဒရယ်ပြည် ထောင်စုရေးရာ တာဝန်ယူထားသူဖြစ်ပြီး ဒေါက်တာ ငိုင်တမ်မောင်းကတော့ လူကယ်ပြန်ဌာနရဲ့ ဒုပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားခြင်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း သူတို့နှစ်ဦးစလုံးဟာ ချင်းအတိုင်ပင်ခံကောင်စီ ICNCC ကနေ နှုတ်ထွက်ထားပြီး ICNCC ကို ကိုယ်စားမပြုတော့လို့ NUG ကိုလည်း ကိုယ်စားမပြုတော့တာကြောင့် ရာထူးကနေ ဖယ်ရှားပေးဖို့ ICNCC ရဲ့အလှည့်ကျ သဘာပတိနှစ်ယောက်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာပါ။
NUCC ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
0 Shares:
You May Also Like
Read More

တိုင်းစစ်ဌာနချုပ် အဆင့်ရှိ(နပခ) ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ သမိုင်းဝင် အောင်ပွဲတစ်ရပ်ဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG က အာရက္ခတပ်တော်ကို သဝဏ်လွှာပေးပို့

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခတပ်တော် AA က  အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်ရပ်ကို ပေးပို့လိုက်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

 မြိုင်မြို့နယ်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ယောက် ကျဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်််နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ သုံးနှုန်း မဲဆွယ်ခဲ့သည့် ပြည်သူ့ပါတီ အမတ်လောင်း ဥပဒေနှင့်မညီ၊ ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဟု ပြစ်တင်ခံနေရ

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ မဲဆွယ်စည်းရုံးတဲ့နေရာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာကြောင့် ဥပဒေနဲ့မညီဘူး၊ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်အချို့မှာ ဝေဖန်ပြစ်တင်နေကြပါတယ်။