မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဇီးပြားကျေးရွာက ပျူစောထီး၁ယောက် လက်နက်ခဲယမ်းတွေယူဆောင်ပြီး မြိုင်ပေါက် ပကဖ အဖွဲ့တွေဆီ အလင်းဝင်ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ ဇီးပြားကျေးရွာနေ အသက် ၁၇နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ရဲမြတ်စိုးဟာ တာဝန်ကျစစ်ကောင်စီတပ်သားတွေဆီကနေ M4 ကာဘိုင် အမျိုးအစား သေနတ် () လက်နဲ့အတူ ကျည် (၆၃) တောင့်၊  ကျည်ဘောက် () ဘောက်နဲ့ ကာဘိုင်ကျည် () တောင့်၊ လက်ပစ် () လုံး၊ ၆၀ မမ အဖူး () ဖူး၊ ဟန်းဖုန်း () လုံးတို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေကို မြိုင်နဲ့ ပေါက် ပူးပေါင်းကာကွယ်ရေးအဖွဲ့တွေက တင်းတင်းကြပ်ကြပ် ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပြီး တပ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို တိုက်ထုတ်နေခဲ့တာဖြစ်ပါတယ်။

ဇီးပြားကျေးရွာနဲ့ တရော်ကိုင်းကျေးရွာတွေကနေ အကြမ်းဖက် စစ်အုပ်စုတွေ ထွက်ခွာခွင့်မရှိအောင် ပိတ်ဆို့ဝန်းရံထားတဲ့နေရာမှာ လက်နက်နဲ့ အလင်းဝင်ရောက်လာသူတွေ၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကိုတော့ကောင်းကောင်းမွန်မွန်နဲ့ ထိန်းသိမ်းပေးပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးတယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ မြိုင်-ပကဖ)

0 Shares:
You May Also Like
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူတွင် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် PDF များ နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။