မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေးချက် ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သန်းခေါင်စာရင်း ပေါ်ပေါ်ထင်ထင် ကောက်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက မန္တလေးမြို့ပေါ် ရပ်ကွက်တွေအပါအဝင် ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ မတ္တရာစတဲ့ မန္တလေးတိုင်းထဲကမြို့တွေအပြင် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္ထရာ၊ ငဖဲ၊ မင်းတုန်း စတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုလက်အောက်ခံ ပညာရေးဝန်ထမ်းတွေနဲ့အတူ တစ်အိမ်တက်တစ်အိမ်ဆင်း သန်းခါင်းစာရင်းကောက်ယူနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ပြုလုပ်သွားဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် သန်ခေါင်းစာရင်းကောက်ယူနေမှုကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ထားကြပြီး Non-CDM ပညာရေးဝန်ထမ်းတွေကိုလည်း ပြင်းပြန်းထန်ထန်သတိပေးထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁ရက်နေ့ကစလို့ ၁၅ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ခံသွားဖို့ရှိနေတဲ့ စစ်ကောင်စီက ဟိုတယ်၊ တည်ခိုးခန်းနဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံစတဲ့ နေရာပါ မကျန်အောင် စိစစ်သွားဖို့ရှိနေပြီး စစ်တပ်၊ ရဲ၊ ပျူစောထီးတွေကို အကာအကွယ်ယူခိုင်းထားတယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်းထဲက မန္တလေးမြို့ပေါ်ရပ်ကွက်တချို့အပါအဝင် ပုသိမ်ကြီးမြို့နယ်မှာလည်း Non CDM ဝန်ထမ်းတွေက တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ ကောက်ခံနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုသိမ်ကြီး မြို့ပေါ် ရပ်ကွက်တွေကနေ စပြီးကောက်နေကြတာ။ အိမ်ရှိ လူအကုန် စာရင်း ကောက်ပါတယ်။ ပိုင်ဆိုင်မှုတွေလည်း မေးတယ်။ ရွှေ ၊မြေ ၊ ကားပိုင်လား၊ ဘယ်နှစီးရှိလဲ။ ဝင်ငွေဘယ်လောက်ရှိတယ် ၊အလုပ်ကိုင်ကအစ ကောက်တယ်ပေါ့ဗျာ။ အခွန်ကောက်ဖို့နဲ့တူပါတယ်။ ဘုန်းကြီးကျောင်းတွေပါမချန်ဘူး။လို့ မြို့နေပြည်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့မြို့မ၊ အောင်မင်္ဂလာနဲ့ စည်သာယာ တို့အပြင် ရေထွက် ၊ နှမ်းကြဲ ၊ တဲကုန်း ၊ သစ်ချိုကုန်း ၊ ဇီးချိုကုန်းစတဲ့ ကျေးရွာတွေအထိ သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးဖြစ်တယ်လို့ အထက်ပါ ဒေသခံကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ အခုလို စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲအတွက်သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်လောက်တည်းက ကြိုတင် ပြင်ဆင်လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ကြောင်းနဲ့ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေ၊ ဝန်ထမ်းတွေနဲ့ စစ်တပ်လက်အောက်ခံ ပညာရေးဝန်ထမ်းတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေက အကြိုသင်တန်း ၁၂ရက်တာ တက်ထားကြရတယ်လို့ သိရပါတယ်။

အခု သန်းခေါင်စာရင်း ကောက်တာက စကစ အတွက် တစ်ချက်ခုတ် သုံးချက်လောက် ပြတ်တယ်ပြောရမယ်။ စစ်မှုထမ်းအတွက် လူငယ်တွေ ရှာလို့ရမယ်။ တော်လှန်ရေးထဲ လူငယ်တွေ စိမ့်ဝင်မဝင် သိရမယ်။ နောက်ပြီး သူတို့အတွက် နိုင်ငံရေး ထွက်ပေါက်လည်းဖြစ်တယ်ပေါ့။ တော်တော်ဆိုးပါတယ်။ သေချာတာကတော့ စကစ က သူတို့စိုးမိုးနယ်မြေတွေ ရအောင်ကောက်ပြီး နိုင်ငံရေးထွက်ပေါက် ရှာတဲ့သဘောပါပဲ။ ပြည်သူလူထုကတော့ စာရင်း ပေးရတာပေါ့ဗျာ။ ကျနော်တို့ လုပ်နိုင်တာကလည်း လောလောဆယ် ပါဝင်ဆောင်ရွက်သူတွေကို မှတ်တမ်းယူထားရုံပဲ လုပ်နိုင်ပါသေးတယ် ။ နောင်တစ်ချိန် အရေးယူဖို့ပေါ့။လို့ ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ပုသိမ်ကြီးနည်းတူ မန္တလေးတိုင်းထဲက ဝမ်းတွင်းနဲ့ မတ္တရာမြို့နယ်တွေမှာလည်း သန်းခေါင်စာရင်းအတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်းထဲက မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္ထရာ၊ ငဖဲ၊ မင်းတုန်းစတဲ့ မြို့တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတိပေးစာကိုအလေးမထားဘဲ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပညာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး သန်းခေါင်းစာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာလည်း မြို့ပေါ် အရှေ့ပိုင်း၊ အနောက်ပိုင်းရပ်ကွက်တွေ အပါအဝင် မြို့နဲ့နီးကပ်တဲ့ အင်းဒေါင်းရွာ၊ ညောင်ပင်စောက်ရွာနဲ့ သမော်အင်းကျေးရွာတွေမှာ လုံခြုံရေးယူပြီး သန်းခေါင်စာရင်းကောက်ခံကြတယ်လို့ သိရပါတယ်။

မြို့ပေါ်ရပ်ကွက်တွေရယ် မြို့နဲ့နီးစပ်တဲ့ရွာတွေလောက်ပဲ ကောက်တာလို့ပြောရမယ်။ Non CDM ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ ပေါင်းကောက်တာပေါ့။ ဝန်ထမ်းတွေဘေးမှာ စခတွေ အနည်းဆုံး ၂ယောက်လောက် လုံခြုံရေးပါတယ်။ မေးခွန်းအခွန်း ၆၀ ကျော်လောက်ရှိမယ်မေးတာ။ တော်လှန်ရေးအဖွဲ့တွေက စာထုတ်ထားတာတောင် အခုလိုတွေလုပ်နေရင် အခုမဟုတ်တောင် နောင်တစ်ချိန်ချိန်ကျ အရေးယူခံရလိမ့်မယ်ထင်တယ်လို့ ပွင့်ဖြူမြို့ခံ တစ်ယောက်ကလည်း ပြောပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် အနောက်ဘက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က အရပ်သား ၇ ဦးကို ဓားစာခံလုပ် ဖမ်းဆီးကာ စစ်ကြောင်းဆက်ထွက်ဖို့ ပြင်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ်အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ အရပ်သား ၇ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်နယ်ရှိ နေအိမ်များကို ဒရုန်းနှင့် ပစ်ခတ်၊ ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွား

“လက်နက်ကြီးထုတယ် ပြီးမှ မြေပြင်ကနေသွားပြီးတော့ ပေါတာဆွဲတာ အခုချိန်ကရွာသားတွေက တောင်သူလယ်သမားတွေဆိုတော့ ကိုယ့်လယ်တွေမှာ ပေါင်းလုပ်တာတွေ စပါးပင်တွေကြည့်ရှုတာ တွေရှိတယ် အိမ်ပြန်ရောက်ခါစဆိုတော့ ထွက်ပြေးချိန်တောင်မရလိုက်ဘူး နောက်ထပ်ဘယ်သူတွေပါသွားလဲဆိုတာ ထပ်ပြီးစုံစမ်းနေတယ် ***တွေကတော့ ပြန်ဆုတ်သွားပြီး ” လို့ အထက်ပါတပ်ခွဲမှူး ကိုကရင်လေးက ဆက်ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ၃ ကြိမ်မြောက် အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားစဉ် ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။