KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂စီးဟာ ဖာပွန်မြို့ ရပ်ကွက် (၁)နဲ့ရပ်ကွက် (၂)အတွင်း ဗုံးစံ ၁၀လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ယာဟောင်းအနီး ဟင်းသီးဟင်းရွက် ရှာဖွေနေတဲ့ အသက်(၅၀) အရွယ် အမျိုးသမီးတစ်ယောက် ဗုံးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသမီးဟာ ကလေး ၆ယောက်ရဲ့ မိခင်ဖြစ်ကြောင်း တပ်မဟာ(၅) က ထုတ်ပြန်ပါတယ်။
ဖာပွန်အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေကို စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်လျက်ရှိတာကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
KNUတပ်မဟာ(၅)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖာပွန်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအားလုံး ဆုတ်ခွါသွားကာ မြို့ကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

စစ်ရှောင်တွေကို ဖမ်းသွားတဲ့ PDF အယောက်ဆောင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ယောက် သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ PDF အယောင်ဆောင်ပြီး စစ်ရှောင်အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ယောက်သေကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တောင်းတံတားအသစ်ဘက်ကနေ မော်လမြိုင်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ​စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။