စစ်ကိုင်းတိုင်းရွှေဘိုမြို့‌အဝင်တောင်ဘက်မှာစက်တင်ဘာ၃၀ရက်ညနေပိုင်းကကားလမ်းထွက်ပိတ်တဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ဖို့ မိုင်းထောင်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်က ကားလမ်းထွက်ပိတ်စဉ် ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်သား ၁ သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုတိုက်နယ် ၅ ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးပကဖ၊ ဇာမဏီရွှေဘိုပကဖနဲ့ တဂဏနဂါးမင်းပကဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MDY PDF အပတ်စဉ် (၁၇) အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ၃၀ ခန့်သေပြီး လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ် ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိခဲ့ကာ လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၅၀၈ အမြောက်တပ်ရင်းကို ရော့ကတ် အလုံး ၁၀၀ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်းကို ရော့ကတ် အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
Read More

ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်းနဲ့ပတ်သက်ပြီး ဦးကျော်သက်လင်းဘာပြောခဲ့လဲ (ရုပ်/သံ)

''မုန်တိုင်းဒဏ်ခံရရင်လည်း ဧရာပဲ တခြားစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးတော့ ခံရရင်လည်း ဧရာပဲ အဲ့ဒီတော့ ဧရာက ဘယ်လိုလုပ်လှုပ်နိုင်မှာလဲ။ အဲ့ဒီတော့ သူ့ဒေသမှာ မလှုပ်နိုင်တဲ့အခါမှာ သိပ်ပြင်းထန်တဲ့ ဧရာတိုင်းသားတွေဟာ နေရာစုံကိုပြန့်ကျဲပြီးတော့ နိုင်ငံတွက် တော်လှန်ရေးကို ကချင်မြေမှာလည်းလုပ်ခဲ့တယ်၊ ကရင်မြေမှာလည်း လုပ်ခဲ့တယ်၊ ကရင်နီမှာလည်း သူတို့ပဲ၊ ချင်းပြည်မှာလည်း သူတို့ပဲ တခြား ဒီရခိုင်ဘက်မှာတောင် သူတို့ ရှိတယ်လို့ ကျနော်သိရတယ်။ အဲ့ဒီတော့ သူတို့ ဘာကြောင့် အဲ့ဒီလိုပြန့်ကျဲပြီး ရောက်ရလဲဆို မချရရင် မနေနိုင်လို့ပေါ့ဗျာ''
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။