စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၃၀) ရက်က အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အလောင်း (၃၁) လောင်း၊ သုံ့ပန်း (၄၂) ဦး၊ လက်နက် (၅၀) လက်၊ ကျည်မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ ကျောင်းသားလက်ရုံးတပ်တော် (SAF) ULF စစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်ပကဖ) နဲ့ Local Mobile တပ်ဖွဲ့တွေက ချေမှုန်းရေးအဖွဲ့တွေအဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ပြည်သူလွတ်မြောက်ရေးတပ်မတော် (PLA) ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) နဲ့ 96 Soldiers တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာသင်္ဘောဖြင့် လာသည့် စစ်မှုထမ်းသင်တန်းသားများနှင့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ကနေ ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာသင်္ဘောနဲ့ စုန်ဆင်းလာတဲ့ စစ်မှုထမ်းသင်တန်းသားတွေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ထား၀ယ်ခရိုင်ထဲက PDF တပ်ဖွဲ့ ၆ဖွဲ့ ပေါင်းစုပြီး ခရိုင်တပ်ပေါင်းစုအဖြစ် စစ်ရေးတွေလှုပ်ရှားမယ်

ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
Read More

CDF – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်…

ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force - Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်းတွင် မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့

ရန်ကုန်တိုင်းမှာ မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါအဝင် စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။