စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင်၊ မီးရှို့၊ လူသတ်၊ ပစ္စည်းလု လုယက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက စည်းလုံးမှုအင်အားနဲ့ ဖြတ်တောက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကိုပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်အုပ်စုတွေ အထိုင်ချတပ်စွဲထားတဲ့ ကူတော်ရွာကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၂၀ရက်နေ့ကစလို့ အပြီးသတ်

သိမ်းပိုက်နိုင်ဖို့ကြိုးစားခဲ့ပြီး စစ်အုပ်စုဘက်က လေကြောင်းပစ်ကူတွေအပြင် ဘုတလင်မြို့ကထွက်လာတဲ့ ခြေလျင်ဘီးလူးစစ်ကြောင်းနဲ့ပါ စစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၂၃ရက် မနက်ပိုင်းမှာ ကူတော်ရွာနဲ့ အနီးဆုံးဖြစ်တဲ့ ကတိုးရွာကို ဝင်ရောက်ပြီး နေအိမ် အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးကာ အရပ်သားပစ္စည်းတွေ ခိုးယူသယ်ဆောင်ခဲ့သလို မိုင်းတွေလည်းထောင်သွားခဲ့တယ်လို့ သိရပါတယ်။

ကူတော်ရွာက စစ်အုပ်စုတွေ တိုက်ခိုက်ခံရတိုင်း ကတိုးရွာကို စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက်တတ်ရာ ဒီတစ်ခေါက်မှာလည်း ရပ်ကျေးပကဖအဖွဲ့ဝင် ၂ယောက်နဲ့ အသက် ၇၀ကျော် အရွယ် အဘိုးအိုတစ်ယောက် ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့အချိန် ကျွဲသေချောင်းရွာက အသက်၅၀အရွယ် အမျိုးသား၁ယောက်ကို အရင် ပစ်သတ်သွားတယ်။ ပြီးတော့ ကတိုးရွာကို ဝင်ပြီးခိုးတယ်။ မီးရှို့တယ်။ အဲ့လိုကမှ အသက်၇၃နှစ်အရွယ် အဘိုး၁ယောက်နဲ့ ရပ်ကျေးပကဖ ၂ယောက်ကိုပစ်သတ်ခဲ့တာပါ။  မီးဝင်ငြှိမ်းလို့ ပစ်ခံရတာလို့​​ဒေသခံတွေကပြောပါတယ်။ နောက်ပြီး ဘုတလင်ကို ပြန်ဆုတ်တော့လည်း သူတို့ဓားစာခံလူသားဒိုင်းလုပ်ပြီးခေါ်လာတဲ့ ကြုံးရွာက  အမျိုးသား၁ယောက်ကိုလည်း ထပ်ပြီးပစ်သတ်ခဲ့ပါသေးတယ်။လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က ပြောပါတယ်။

ကူတော်ရွာက စစ်အုပ်စုအထိုင်ချရာစခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ အချိန်ယူကြိုးစားခဲ့ရသလို တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိသူတွေနဲ့ သေဆုံးသူတွေထဲ မူးယစ်ဆေးစွဲနေသူတွေလည်းပါတယ်လို့ အထက်ပါတာဝန်ခံကပြောပါတယ်။

ကူတော်ရွာက ပျူစခန်းကို သိမ်းဖို့လုပ်ခဲ့တာ ၃လနီးပါး ရှိပါပြီ။ စစ်ကြောင်းကို ကြားဖြတ်တိုက်တော့ ဖမ်းမိတဲ့သူတွေ၊ သေတဲ့သူတွေအပြင် ထွက်ပြေးသွားတာတွေလည်း ၇ယောက်လောက်ရှိတယ်။ ပြီးတော့ စစ်ကြောင်းကို မတိုက်ခင်ရက်တွေက ကျနော်တို့နဲ့ထိတွေ့မှုဖြစ်ပါသေးတယ်။ အဲ့မှာ သူတို့ဘက်က စစ်သား၃ယောက် အရှင်ဖမ်းမိပါတယ်။ အားလုံးဆုတ်သွားတဲ့အချိန် သူတို့က ဆေးသုံးရင်းကျန်ခဲ့တာပါ။ ဆေးသုံးထားတဲ့ပစ္စည်းတွေလည်းတွေ့ပါတယ်။ အရှင်မိထားတဲ့ကောင်တွေထဲ မသုံးရ မနေနိုင်တော့မပါဘူး။ သေတဲ့ထဲတော့ ပါချင်လည်းပါလိမ့်မယ်။ အခုတော့ သူတို့ရဲ့ဘီလူးစစ်ကြောင်းကို တပ်ပေါင်းစုရဲ့စည်းလုံးမှုအင်အားနဲ့ချေမှုန်းနိုင်ခဲ့ပါပြီလို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် ကူတော်ရွာနေ စစ်အုပ်စုပျူတွေရဲ့ စစ်ကြောင်းထိုးအန္တရာယ်ကြောင့် ကျေးရွာ ၇ရွာက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ရွာကို ပြန်လည်အခြေမချရဲသေးဘူးလို့လည်း သိရပါတယ်။

ကတိုးနဲ့ကူတော်က အရှေ့ဘက်နဲ့အနောက်ဘက်လို့ပြောရမယ်။ တောလမ်းကဆို စစ်သားခြေလှမ်းနဲ့ ၁၀မိနစ်လောက်ပဲ လျှောက်ရတယ်။ တစ်ရွာလုံးနီးပါး မီးရှို့ခံရပါတယ်။ ပြည်သူပိုင်ပစ္စည်းကတော့ ရှိတာအကုန်ကုန်တာပါပဲ။ ရှိစုမဲ့စုရွှေတွေ အကုန်ယူပြီး အိမ်တွေချည်းပဲမီးရှို့ခဲ့တာ။ ဘုရားစောင်းတန်းပါမချန်ပါဘူး။ နောက်ပြီး စစ်ကြောင်းထိမီးရှို့နေတုန်းက မြေပဲစွတ်နေတဲ့ရွာခံအမျိုးသမီးနှစ်ယောက်ဖမ်းခံရသေးတယ်။ အခုတော့ ပြန်လွတ်လာပါပြီလို့  ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကို ပြောပါတယ်။

ဓာတ်ပုံဘုတလင်မြို့နယ်၊ ကတိုးရွာ မီးရှို့ဖျက်ဆီးခံရပုံနဲ့ ဘီလူးစစ်ကြောင်း ချေမှုန်းခံရစဥ်

0 Shares:
You May Also Like
Read More

ပဲခူးရိုးမ တိုက်ပွဲအတွင်း နယ်မြေအသာစီး ရယူနိုင်သည့် PDF များကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေ၊ အများအပြားထိခိုက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ်တချို့မှာ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ကောက်ထားတဲ့ငွေတွေ တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေ

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး ပိုက်ဆံကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကောက်ခံထားတဲ့ ငွေတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

YBS ယာဉ်မောင်းဘဝမှ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူ KNLA တပ်ရင်း(၈) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။