တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်၊ နေ့လည်ပိုင်းက ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာကနေ ဇဟာရွာ အမြောက်တပ်ဆီ Vigo အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ကားမှန်တွေ ကြေမွကာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး မောင်းပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖတပ်ဖွဲ့ (YPPDF) နဲ့အတူ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားအဖွဲ့၊ Eastern Defense Force (EDF) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တေည် (DNLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူတာနဲ့ ဆက်စပ်တာတွေကို ရှုံ့ချကြောင်းနဲ့ လုပ်ဆောင်ပေးတဲ့ ထောက်တိုင်တွေအားလုံးကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က အသိပေးထားပါသေးတယ်။

ဓာတ်ပုံစစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကားကို YPPDF နဲ့ DNLA တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်စဥ် (ပုံဟောင်း)

0 Shares:
You May Also Like
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။