ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ () ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ (၂၈) ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ဇာတ်စုရပ်ကွက်က () ယောက်၊ ဇာတ်စုရပ် နယ်မြေ()မှာ () ယောက်နဲ့ စျေးရပ်ကွက် ဘောလုံးကွင်းအနီးမှာ () ယောက် စုစုပေါင်း() ယောက် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဒေသခံ နေအိမ်နဲ့ စျေးဆိုင်ခန်း (၁၀) ခုကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ (၂၉)ရက် နေ့လည်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ သီပေါမြို့တွင်း လိုက်လံဗုံးကြဲချရာ သီပေါဆေးရုံ၊ အကောင်းကြိုက် ထမင်းဆိုင်၊ ဂိုးလက်ဖက်ရည်ဆိုင်၊ ဦးကိုဦးအိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနဲ့ မိုးလုံလေလုံအနီးတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အဲ့ဒီဗုံးကြဲချမှုကြောင့် သီပေါမြို့ ဓမ္မာရုံက အမျိုးသား() ယောက် သေဆုံးခဲ့ပြီး မြို့ဟောင်းသဲကွင်းအနီး အမျိုးသား () ယောက်၊ ပရဟိတအသင်းဝင် အမျိုးသား () ယောက်၊ ဆေးရုံအနီးက အမျိုးသား() ယောက်၊ အမျိုးသမီး ()ယောက်နဲ့ မီးပွိုင့်လမ်းဆုံ ကွမ်းယာဆိုင်အနီး အမျိုးသမီး () ယောက် စုစုပေါင်း() ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

သီပေါမြို့ ခါလိန်ကျေးရွာမှာလည်း စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် အသက်()နှစ်အရွယ် ကလေးငယ်() ယောက် အပါအဝင် ဒေသခံ မိသားစုဝင် () ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက် မနေ့ညပိုင်းကလည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ Y-12 လေယာဥ်အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့ကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ စက်တင်ဘာလ ()လအတွင်း အကြမ်းဖက်စစ်ကောင်စီက အဘက်ဘက်က စစ်ရှုံးပြီး အရပ်သားတွေရှိရာ ဦးတည်ကာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လာတာကြောင့် တအာင်းဒေသအတွင်းရှိ ဒေသခံပြည်သူ (၂၂) ယောက် သေဆုံးခဲ့ပြီး အယောက် (၃၀) ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄၇)လုံး ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် ၂၃၉ မိုင်ရှိ စစ်အုပ်စု၏ “လေးက”ဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေ၊ ဗိုလ် ၁ ဦး ဆေးရုံတင်ထားရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ပေါက်တွင် စစ်ကြောင်းက ထွက်ပြေးလာသည့် ပြည်သူ့စစ်တပ်သား ၁ဦး တော်လှန်ရေးတပ်များထံ လက်နက်ဖြင့် အလင်းဝင်ရောက်

"အလင်းဝင်တဲ့သူတော်တော်များများက ပြန်တိုက်မယ်ပြောတယ်။ ကိုယ့်နယ်ခံဆိုရင်တော့ စိတ်ချရရင် ကျနော်တို့နဲ့အတူ ရှေ့တန်းမှာအတူတိုက်ဖို့တာဝန်ပေးတယ်။ နယ်ခံမဟုတ်ရင်ကျ နောက်တန်းမှာပဲ စီမံပေးတယ်။ ဒါကိုကျေနပ်ကြပါတယ်။ ကမ့်တစ်ခုအနေနဲ့ ထားထားပေးတယ်။ နောက်တန်းကနေ လုပ်ပေးဖို့ထားရတာပေါ့" လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တန်ပြန်ဒရုန်းနည်းဗျူဟာ တိုးတက်အောင် လုပ်ဆောင်ရန် သင်တန်းဆင်းစစ်သားများအား မင်းအောင်လှိုင်ပြော ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဟုလည်း လက်နက်နှင့်အာဏာသိမ်းထားသော စစ်ခေါင်းဆောင်ကဆို

စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုလာတာများပြားလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာနဲ့ ကာကွယ်ဖို့နည်းလမ်းတွေအတွက် နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ပြောလိုက်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပါ။