အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဆီ လိပ်မူပေးပို့တဲ့ အဲ့ဒီသဝဏ်လွှာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ၇၅ နှစ်တာကာလအတွင်း ကြွယ်ဝချမ်းသာတဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

ဒါ့အပြင် NUG ဝန်ကြီးက တရုတ်ပြည်သူတွေရဲ့ တော်လှန်ရေးခရီးရှည်ဟာ မိမိတို့အတွက် ဂုဏ်ယူဖွယ်ရာ ပြယုဂ်တစ်ခုအဖြစ် ရှုမြင်ပြီး တရုတ်ပြည်သူတွေ ကြွယ်ဝချမ်းသာခြင်းနဲ့ အောင်မြင်မှုအသီးအပွင့်တွေ ရရှိနိုင်စေကြောင်း ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီက အရပ်သားကားတွေကိုခြိမ်းခြောက်ချောဆွဲနေလို့ ဒေသခံပြည်သူတွေ ကြောက်လန့်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တက်လာတဲ့ အရပ်သားကားတွေကို ချောဆွဲဖမ်းဆီးပြီး ပျူစောထီးကျေးရွာတွေဆီ အဲဒီကားတွေနဲ့ ရိက္ခာပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

“ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက ရန်ကုန်မှာပြန်ဆုံမယ် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။