မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားဟာ စက်တင်ဘာ ၂၃ ရက်မှာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၁၉၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ခြေကျွန်း‌ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို လုံခြုံတဲ့ နေရာ ပို့ဆောင်ထားပြီး‌ လက်နက်ခဲယမ်း ယူဆောင်လာတဲ့ ဂုဏ်ပြုဆုငွေ ပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျေးရွာတွေကို စောင့်ရှောက်မှုပေးတာကြောင့် ရွာခံတွေမှ ရေးဘီလူးကို ဂုဏ်ပြုကြိုဆို

မွန်ဒေသထဲက ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ ၅ လတာအတွင်း စောင့်ရှောက်မှုပေးခဲ့တာကြောင့် ဒေသခံတွေက ရေးဘီဘူးအဖွဲ့ကို ဖိတ်ကြားပြီး ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ အကြမ်းဖက်စစ်ကြောင်းက ရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ကန့်ဘလူ ၆၀၀၆ တကရ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

BNRA ရဲဘော် ဗျတ္တ မိုင်းနင်းမိပြီး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး BNRA တပ်ဖွဲ့ဝင် ရဲဘော် ဗျတ္တ ကျဆုံးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲလို့ အရပ်သား ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရ

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ သိရပါတယ်။