စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံတစ်ယောက်ထိခိုက်ခဲ့ပြီးနေအိမ်၉လုံး၊စာသင်ကျောင်း၂ခုနဲ့စာသင်ကျောင်းဘော်ဒါဆောင်၄ခုထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ကုန်းလမ်းနဲ့ ရိက္ခာပိုဆောင်ခြင်း မလုပ်တော့ဘဲ ခြေလျင်တပ်ရင်း ခလရ၂၇၄ တပ်ရင်းကို လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ အကြိမ်ရေ ၅၀ ထက်မနည်း ဖြည့်တင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မင်းတပ်ဒေသကို စစ်ကောင်စီက  ခြေလျင်စစ်ကြောင်းထိုးမှုတွေ မရှိသလောက်နည်းပါးနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အင်အားဖြည့်တာမျိုးတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ပ သုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG ယာယီသမ္မတ ပြောကြား

မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မုံရွာ- မန္တလေးလမ်းပေါ်က မြင်းမူမြို့နယ်ထဲအ​ရောက်မှာ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ…
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကျောက်ကြီးမှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။