စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်အကြမ်းဖက်စစ်တပ်ဂိတ်ကနေ ရေပိုးစားဘက် အင်အား ၃၀ ခန့်နဲ့ လမ်းပိုင်းမိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။

မိုင်းပွိုင့်အနီး ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်သားတွေဟာ ပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို People’s Defence Force – South Monywa၊ နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နဲ့ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပူးပေါင်းဖို့ သတိပေးခဲ့ပေမယ့် ဆက်သွယ်လာခြင်းမရှိတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစခန်းမှာရှိတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ သတိပေးစာ ပေးပို့ခဲ့ပေမယ့် ဆက်သွယ်လာခြင်း မရှိတဲ့အတွက် ဒီဇင်ဘာ ၂၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပေါက်-ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

လောက်ကိုင်မြို့ထဲကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ကိုအောက်တိုဘာ၂၇ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးတွေကြဲချခဲ့တဲ့အတွက်ဟိုတယ်၊လူနေအဆောက်အအုံအများအပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များ ရေဦးမြို့နယ်သို့ ပြန်လာရောက်ရှိ (ရုပ်/သံ)

ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။