ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

သံအမတ်အသစ်ကို ခန့်အပ်မယ်ဆိုရင် “ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာလုယူခဲ့တဲ့  စစ်ကောင်စီ” ထံမှာ အဆိုပြုမှတ်တမ်းသွင်းရမှာဖြစ်တာကြောင့်၊ ဂျပန်အနေနဲ့ အဆိုပါသံတမန်ကို စေလွှတ်ခဲ့မယ်ဆိုရင် ဒါဟာ စစ်ကောင်စီကို အသိအမှတ်ပြု ထောက်ခံပံ့ပိုးရာရောက်မှာ စိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့လည်း အဆိုပါသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ 

အနောက်နိုင်ငံတွေနဲ့မတူဘဲ တိုကျိုဟာ အာဏာသိမ်းပြီးစစ်တပ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိလ်၊ အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မထားသလို၊ စစ်ကောင်စီနဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားတယ် ဆိုပေမယ့်၊ မြန်မာနိုင်ငံအတွင်း ၄င်း (ဂျပန်)ရဲ့ ပါဝင်ပတ်သက်တည်ရှိမှုတွေကတော့ လျော့နည်းလာနိုင်ကြောင်း ၎င်းတို့က ဆိုပါတယ်။

ဒါပေမယ့် ဂျပန်သံတမန်သတင်းရင်းမြစ်တခုကတော့ “မြန်မာနိုင်ငံဟာ (ဂျပန်အတွက်) အရေးကြီးတယ်ဆိုတဲ့အချက်က ပြောင်းလဲမှာမဟုတ်သလို၊ အခုအကြောင်းအရာကို နားလည်မှုရဖို့ (ဂျပန်နိုင်ငံ အထဲကရော အပြင်ကပါ) ကြိုးပမ်းဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပနိုင်ငံအချို့နဲ့ တောင်ကိုရီးယားတို့က မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လျှော့ချခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ဟာ ၂၀၁၈ ခုနှစ်ကစတင်ပြီး ရာထူးတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ယခုသီတင်းပတ်ကုန်မှာတော့ ၎င်းရဲ့ရာထူးမှ ပြီးဆုံးထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံး၊ သံမှူးဖြစ်သူ Shogo Yoshitake က ယာယီသံအမတ်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

မူရင်း –  Japantoday/japan-will-not-send-new-envoy-to-military-ruled-myanmar-sources

ဓာတ်ပုံ – လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုစဥ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့ ၂၀၁၃ ခုနှစ်အတွင်း တွေ့ဆု့ခဲ့စဥ်က

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

စစ်အုပ်စုထံမှ ကားတစ်စီးနှင့် ဒရုန်း ၅စီး KIA/KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။