ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။

ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ Anonymous Force တပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်ပါတယ်။

စက်က်တင်ဘာ ၂၀ ရက်နံနက်ပိုင်းက Anonymous Force အဖွဲ့ဝင် ၄ ဦးဟာ ကားတစ်စီးနဲ့ ဒဂုံတောင်ပိုင်း (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိလာကာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပစ်ခတ်မှုမှာ ပါဝင်သူတွေဟာ ၄ဦးသာဖြစ်ပြီး စစ်ကောင်စီက ၁၂ ဦးအထိ ဖမ်းဆီးထားခြင်းလည်းဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးနဲ့ ရာအိမ်မှူးဆိုသူတို့ဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ Anonymous Force အဖွဲ့ကတော့ ဖမ်းဆီးခံရသူတွေဟာ ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ဟုတ်မှန်တယ်လို့ အတည်ပြု ထုတ်ပြန်လာခြင်းတော့ မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့လို့ ဒေသခံထောင်နဲ့ချီထွက်ပြေးနေရ၊ ဒီဇင်ဘာ အအေးဒဏ်နဲ့အတူ မင်းဘူးခရိုင်ထဲက စစ်ရှောင်တွေ ကျန်းမာရေးချို့တဲ့နေကြ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ စမ်းကလေးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ DIA သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၁၁ဦးကို မိုင်းကွင်းဖြတ်ခိုင်း၊ ၅ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရ၊ အရပ်သားအချို့ကိုလည်း ခေါင်းကို သေနတ်ဖြင့် တေ့ပစ် သတ်ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၉ယောက်ကို ခေါင်းသေနတ်တေ့ပစ်သတ်တာနဲ့ အသေခံ မိုင်းနင်းခိုင်းတာတွေလုပ်ဆောင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
Read More

ပေါင်းတည်မြို့နယ်တွင် စစ်အုပ်စုက နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။