မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာကို အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၆ နာရီကြာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်ချိန်မှာ စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းခြံမြို့ ခမရ ၁၅ ကလည်း ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ တရစပ် ပစ်ကူပေးခဲ့ပြီး ဒရုန်းတွေနဲ့ပါ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူတိုက်ခိုက်နေတဲ့ နေရာတွေကို ဗုံးတွေ ကြဲချခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA)၊ Myingyan Black Tiger တပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်က ပုလဲမြို့ပေါ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့စဥ် (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ဇီးကုန်းနဲ့ကြို့ပင်ကောက်အစပ်က တံတားမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တဲ့စစ်အုပ်စုတွေကို ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ တစ်ရက်အတွင်း ၅ ကြိမ် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၁ယောက် သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။