စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ထူးကောင်းဆက် (ခ) ထူးကြီးဟာ မေလ ၂၆ ရက်က G3 တစ်လက်၊ ၇ .၆၂ ကျည်ဆံ ၁၅ တောင့်၊ ကျည်ဘောက် တစ်ခု၊ ဓားတစ်ချောင်းတို့နဲ့ ယင်းမာပင် ခရိုင် တပ်ရင်း (၁၆) ရဲ့ တပ်ခွဲ (၄) Salingyi Revolution Eagles ဆီ ခိုလှုံ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ဘက်သို့ ကူးပြောင်းလာတဲ့ ရဲဘော် ထူးကြီးကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မွန်ဒေသတွင် ဩဂုတ်လအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၃ ပါး ပျံလွန်တော်မူခဲ့

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မွန်ပြည်နယ်မှာ စစ်အုပ်စုရဲ့ အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ၅ပါးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ကနေ ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီကို လောင်စာဖြည့်ပေးနေသည့် Airbus ကို ပြည်သူများ ပါဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် Justice For Myanmar စတင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။