ကချင်ပြည်နယ်အတွင်း စစ်ရိက္ခာနဲ့ လူအင်အားများ တင်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတပ်မတော် (ABSDF) မှ ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့က ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဦးတည်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို  KIA၊ ABSDFနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး  ၆ စီးကို တိုက်ခိုက်ဖျက် ဆီးနိုင်ခဲ့ကာ ၁ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထီးချိုင်မြို့နယ်မှာလည်း စစ်ကောင်စီသင်္ဘော  ၂ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရဲဘော်တွေအားလုံး အိမ်ပြန်နိုင်ဖို့ ၁၂/တောင်ပိုင်းသို့အပြန် ကမ်ပိန်း (ရုပ်/သံ)

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ တောထဲက ရဲဘော်တွေအနေနဲ့ အိမ်ပြန်ဖို့ဆိုတာ အိမ်မက်တခုပါပဲ… ဒါပေမယ့် အခုဆိုရင်တော့ ခုခံတွန်းလှန်စစ်အဆင့်ထိ ရောက်လာတဲ့အချိန်မှာ အိမ်မက်တွေ အလှမ်းမဝေးတော့ပါဘူး။
Read More

KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ် ပြန်ဖွင့် (ရုပ်/သံ)

တရုတ်အစိုးရနဲ့ KIO ခေါင်းဆောင်တွေရဲ့ ဆွေနွေးမှုရလဒ်အဖြစ် တရုတ်ဘက်ခြမ်းနဲ့ KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာနယ်စပ်က ဂိတ်အားလုံးကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ၊ အမျိုးသား ၁ ယောက် ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ် သီပေါမြို့ရှိ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင် ကား ၁ စီးနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မိုးကံရွာရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ကား ၁ စီးနဲ့ စစ် ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ရှင်းလင်းခဲ့တယ်လို့ 27 Revolution Forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ၂လသား ကလေးငယ်နဲ့ မိခင်အပါ ၃ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။