မန္တလေးတိုင်း မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့ အခြေချ တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားတွေ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီးနောက် နံနက် ၇ နာရီအချိန်မှာ တော်လှန်ရေး မဟာမိတ်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်သားတွေကို ခြေဆေးချောင်းမှာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်တပ်က ဒရုန်း ၅ စီးနဲ့အတူ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ အကြိမ်ကြိမ်လာရောက်ပစ်ကူပေးခဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း လာရောက်ပူးပေါင်းအားဖြည့်ပေးတဲ့ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊မြင်းခြံခရိုင်ပကဖ၊စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊အမှတ်၈၁၅တပ်ရင်း (PLA) တပ်ဖွဲ့တွေကို အထူးကျေးဇူးတင်ပါကြောင်း Myingyan Black Tiger  တပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။
Read More

အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ယောက်သေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း‌ဗျူဟာစခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၊ ခလရ ၂ ဗျူဟာမှူး ဦးစီးနဲ့ အင်အား ၁၅၀ ကျော်ရှိ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်ခဲ့သည့် မှတ်တမ်းရုပ်သံ ပကဖအသံ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖအသံက ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။