စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သား ၁ ‌ယောက် တိုက်ခိုက်ခံရတဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့၊ မုံရွာ ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၄၊  မုံရွာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မြို့နယ် ပ.လ.ဖ တပ်ခွဲ၊ BRA တိုက်ခိုက်ရေးအဖွဲ့၊နဲ့ MON YWA M4 L-PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်တွေက ဂုဏ်ပြုကြိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ PDF တပ် ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့ပေါ်က တပ်မ ၆၆ တပ်သားတွေပါဝင်တဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ နေရာကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ 5/Fighter Group အဖွဲ့ထံက သိရပါတယ်။