မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ချေဆေးကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းက အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသထံက သိရပါတယ်။

တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးလာရောက်ပစ်ခတ်ကာ လေယာဉ်နဲ့ ဗုံး ၈ ဗုံးကြဲချပြီး မြင်းခြံခမရ ၁၅ ကနေလည်း ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ တောက်လျှောက် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ဒရုန်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့နေရာတွေကို ဗုံးသီးကြဲချလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊အမှတ်(၈၁၅)တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA)၊ Myangyan Black Tigerတပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်အောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေ စခန်းချနေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်အောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေ စခန်းချနေရာ (စီမံကိန်း‌ဟောင်း)ကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Nway Oo Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
Read More

KNDF တည်ထောင်ခြင်း ၄ နှစ်ကာလ လှုပ်ရှားမှုပုံရိပ်များ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်ကာလ တပ်ဖွဲ့ရဲ့ သင်တန်းသားတွေ စစ်ရေးလေ့ကျင့်မှု၊ စစ်ပွဲအတွင်း စစ်ရေးလှုပ်ရှားမှုတွေနဲ့ ရဲဘော်တွေရဲ့ စကားသံအချို့ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လမ်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက် နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက လမ်း ပိုင်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။