တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဦးစီးကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ DDT တပ်ဖွဲ့က က ထုတ်ပြန်ထားပါတယ်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) အနေနဲ့ ပြည်သူ့ဆန္ဒမပါဘဲ အကြမ်းဖက်စစ်ကောင်စီ ဦးစီးကျင်းပနေ​တဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်သွားမှာဖြစ်တဲ့အတွက် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စစ်ကောင်စီတပ် အလိုကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူပေးမယ့် ထောင်တိုင်တွေကိုလည်း DDT တပ်အနေနဲ့ ပြည်သူ့ဆန္ဒအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။
ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
Read More

ဇီးကုန်းမှာ ရာအိမ်မှူးရှင်းခံရမှာစိုးလို့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဘုတလင်မှာ မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန် ) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့်အဖြစ် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်သမိုင်းကြောင်း ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။