စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သာစည်အကျဥ်းထောင်နဲ့ ရဲကင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ကျော်သေဆုံးပြီး စစ်ကောင်စီက သတင်းဖုံးဖို့ကြိုးစားနေတယ်လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။

စက်တင်ဘာ ၂၃ရက် ၊ နေ့လည်ပိုင်းက မုံရွာမြို့နယ် သာစည်ကျေးရွာ၊ သာစည်ထောင်နဲ့ ရဲကင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ တွေ အပါအဝင် Drone ဗုံးတွေပါကြဲချခဲ့ပြီး ၄၀ မမ တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကျဥ်းထောင်ဝင်းထဲက အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာဆီ ကောင်တာပြန်ပစ်ခဲ့သလို Snipe Rangers Force ရဲ့ လက်နက်ကြီး ပွိုင့်နေရာကို  တောတောင်ကိုအခွင့်ကောင်းယူပြီးပြန်လည်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ ခဏတာ တပ်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

 အဲ့ဒီနောက် အချိန် ၁ နာရီ ကျော်ကြာ အချိန်ယူတိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ ကျားတက်ထိုးရင်း စစ်ကောင်စီ လက်ထဲကနေ ၆၀ မမ (လက်လုပ်) လက်နက်ကြီးပွိုင့်နေရာကို ပြန်လည်ရရှိခဲ့တယ်လို့ ရဲဘော်ဆလိုင်းက ပြောပါတယ်။

” စစ်ကောင်စီအနေနဲ့ ကျနော်တို့ရဲ့ လက်နက်ကြီး ပွိုင့်နေရာကို လာရောက်ပစ်ခတ်တဲ့အတွက် တပ်ဆုတ်ပေးခဲ့ရပါတယ်။ အဲ့နောက်မှ ပြန်ပြီး တိုက်ယူခဲ့ရပါတယ်။ ၁၀ ယောက်ထက်မနည်း ထိခိုက်သေဆုံးမူ ရှိခဲ့ပါတယ်။ ဒီသတင်းကိုတော့ စကစ အနေနဲ့ ဖုံးကွယ်ထားပါတယ်။ လက်နက်ခဲယမ်း မပြည့်စုံတော့ ခြောက်လန့်နိုင်ရုံပဲ လုပ်နိုင်ခဲ့တယ်ပေါ့” လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF)နဲ့အတူ PHOENIX  ပြောက်ကျားတပ်ဖွဲ့ ၊ HERO BROTHER MON YWA L-PDF ၊ BLACK DRAGON ၊ မုံရွာ ခရိုင်တပ်ရင်း (၂၇) တပ်ခွဲ (၄) ၊ မုံရွာ ခရိုင်တပ်ရင်း (၂၄) တပ်ရင်းဒုံးတပ်ဖွဲ့ ၊ ယင်မာပင်ခရိုင်တပ်ရင်း ၉ တပ်ခွဲ (၄)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၀) တပ်ခွဲ(၄) ၊ ဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊ Sun king Envoy L-PDF ၊ Special Revolution Force ၊ တောကျွဲကြီး၊ ကမြင်းမနီ နယ်စည်းမခြား၊ BLACK HERO L-PDF ၊ S.R.S L-PDF ၊ MON YWA M4 L-PDF ၊ BROTHER Revolution Force MON YWA ၊ ပလဖ၊ ​ ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ နဲ့ တွေ့မရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီအနေနဲ့ အထိနာခဲ့တဲ့အတွက် လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာမျိုးတွေ ရှိနိုင်တဲ့အတွက် အနီးနားဝန်းကျင်က ပြည်သူတွေအနေနဲ့ သတိထားစေချင်တယ်။ နောက်ပြီး တော်လှန်ပြည်သူတွေဘက်ကလည်း ခဲယမ်းဖိုးအတွက် တစ်ဖက်တစ်လမ်းကနေ ဖြည့်ပေးစေချင်တယ်” လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေကို စစ်ကောင််စီတပ်နှင့်ရဲ ပစ်ခတ်ဖမ်းဆီး၊ အမျိုးသား ၁ ယောက် သေဆုံး၊ ၆ ယောက်ထိခိုက်ကာ အယောက် ၆၀ နီးပါး ဖမ်းဆီးခံထားရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့ အမျိုးသားတွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ယောက်သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ငူ လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတစ်လျှောက် စစ်တပ် စစ်ကြောင်းများ ထိုးနေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ လေတပ်စခန်းတိုက်ခိုက်ခံထားရတဲ့ စစ်အုပ်စုက စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဒီဇင်ဘာ တစ်လအတွင်း စစ်ကောင်စီ မြို့ပေါင်း ၆ မြို့ကို လက်လွှတ်ခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ကျုံပျော်မှာ ကိုယ်မြို့ကိုယ်ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို စစ်သင်တန်းပေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။