စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရှားလွင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၅)ရက် မနေ့က ညပိုင်းကစလို့ တံတားဦးကလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ Jet Fighter လေယာဉ်ဟာ (၃)ကြိမ်တိတိ ရွာရဲ့ ပတ်လည် နေရာ(၃)ခုကို ဗုံးအလုံးရေ (၁၅)လုံးခန့်နဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၂) ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၅) ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့ကာ ‌နေအိမ်တစ်ချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရှားလွင်ကျေးရွာဟာ ပြီးခဲ့တဲ့ ဩဂုတ်(၂၁)ရက်ကလည်း စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး ပြည်သူ(၃)ယောက်နဲ့ တိရစ္ဆာန်တွေလည်း ထိခိုက်မှုရှိခဲ့သလို အခုအကြိမ်မှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ရှားလွင်ကျေးရွာရှိ ပြည်သူအားလုံးဟာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရွာကို အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ချိန်စလို့ ကျေးရွာအတွင်း ပြန်လည်မနေထိုင်ခဲ့တာ (၂)နှစ်ကျော်ပြီဖြစ်ပြီး ရွာအပြင် ကိုယ်ပိုင်လယ်တောနဲ့ ယာခင်းတွေမှာ တဲတွေ ထိုးကာ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်မှုကြောင့် ရာသီဥတုဆိုးရွားနေပေမယ့် ရွာအပြင်မှာတောင် မနေရဲတော့ဘဲ နီးစပ်ရာကျေးရွာတွေကို  မနေ့က ညပိုင်းနဲ့ အခုမနက်ပိုင်းမှာ တဖြည်းဖြည်း ရွှေ့ပြောင်းတိမ်းရှောင်နေရကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ်လ (၁၈) ရက်က စတင်ကာ ဒီနေ့အထိ ရက်(၂၀) အတွင်းမှာပဲ ခင်ဦးမြို့နယ်၊ ကျေးရွာတွေကို လေကြောင်း ပစ်ခတ်မှု အကြိမ်ရေ (၃၀) နီးပါး ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ (၂၀)နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA (9425) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA- 9425 တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် မနေ့က ဒီမောဆိုးမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝေါနှင့် ရွှေကျင်မှာ စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ထိမှန်ခဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။