မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာ ပြည်သူ့ဆန္ဒမပါတဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်ပြုလုပ်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိတယ်လို့ သက်ဆိုင်ရာ ပကဖအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့အစိုးရဆီကနေ အကြမ်းဖက်အာဏာသိမ်းပြီး အရပ်သားပြည်သူတွေသတ်ဖြတ်ရင်းစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ပွင့်ဖြူမြို့နယ်မှာ လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ပွင့်ဖြူမြို့နယ် ပကဖက စက်တင်ဘာ ၂၅ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အရပ်သားဆန္ဒမပါဘဲ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ စစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ပြီး ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းကောက်ခံဖို့ကြိုးစားနေသူတွေကလည်း စစ်ကောင်စီသက်ဆိုးရှည်ရေးအတွက် ထောက်ပံ့ပေးနေသူတွေဖြစ်တယ်လို့ ပွင့်ဖြူမြို့နယ်ပကဖ က ဆိုပါတယ်။

တဖက်မှာလည်း လာမယ့် အောက်တိုဘာလ ၁ရက်နေ့ကစလို့ ၁၅ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံသွားဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ 

ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာလည်းရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ခံတာတွေ လာမယ့်ရက်ပိုင်းထဲ လုပ်ဆောင်ဖို့ရှိနေပြီး Non CDM တွေ တခြားအဖွဲ့စည်းတွေအနေနဲ့ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ခံရာမှာ မပါဝင်ကြဖို့ ပွင့်ဖြူမြို့နယ် ပကဖက  မျှော်လင့်ထားပါတယ်။

“ပွင့်ဖြူမှာ နောက်၂ရက်လောက်နေရင် ကောက်မယ်လို့ ညွှန်ကြားတာမျိုးတွေ ရှိတယ်လို့လည်း ကြားတယ်။ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားတာပေါ့။ အခြားသတင်းတွေအရ အောက်တိုဘာ ၂ရက်လောက် စကောက်မယ်လို့လည်း သိရတယ်။ စကစရဲ့သန်းခေါင်စာရင်းကောက်မယ့်အုပ်စုမှာ NON CDM တွေအပြင် တခြားထိလွယ်ရှလွယ်အုပ်စုတွေလည်း ပါဝင်လာနိုင်ပါတယ်။ ဘယ်လိုအုပ်စုတွေပါဝင်လာပါဝင်လာ သူတို့အနေနဲ့ ငြင်းဖို့ လက်ရှောင်ဖို့ လိုအပ်ပါတယ်။ တက်တက်ကြွကြွနဲ့ ပါဝင်နေရင်တော့ ပြင်းထန်တဲ့အရေးယူတာမျိုးတွေ ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေနဲ့ အရေးယူသွားမှာပါ” လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး အဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲ သန်းခေါင်စာရင်းကောက်ယူရာမှာ စစ်ကောင်စီအနေနဲ့ သူတို့နယ်မြေစိုးမိုးရာထဲရှိနေပေမယ့် စစ်ရေးတင်းမာနေတဲ့နေရာမျိုးတွေကိုတော့ အယောင်ပြ လုပ်ဆောင်တာမျိုးပဲရှိမယ်လို့ အထက်ပါအဖွဲ့ဝင်ကသုံးသပ်ပါတယ်။

“အခြေအနေက ပြောဖို့တော့ ခက်ခဲတယ်။ စစ်မှုထမ်းစာရင်းကောက်ရင်တောင် သူတို့နယ်မြေထဲရှိရဲ့သားနဲ့ စစ်မှုမထမ်းရတဲ့ရွာတွေ ရှိခဲ့တယ်။ ဥပမာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ဆိုင်ထားတဲ့ ရွာတွေလိုမျိုးပေါ့။ ထိလွယ်ရှလွယ်အခြေအနေမျိုးမှာစစ်မှုထမ်းအတွက် လုံးပန်းတာမျိုးမတွေ့ခဲ့ရဘူး။ ဆိုတော့ ပုသိမ်-မုံရွာလမ်းနားက ရွာတွေကိုတော့ သန်းခေါင်စာရင်းကောက်နိုင်မယ်မထင်ဘူး။ ပေါ်တာဆွဲတယ်ဆိုတာကလည်း ငွေညှစ်တာများတယ်။ အဓိကစစ်မှုထမ်းတာက ပျူတွေပဲများသလိုပေါ့။ အဲ့ဒါကြောင့် သူတို့ကို ထောက်ခံတဲ့ရွာတွေကို စာရင်းအကောက်ပြပြီး ကျန်တဲ့နေရာတွေကို အရင်ကစာရင်းတွေနဲ့ လုပ်ဖို့ရှိပါတယ်။ ” လို့ ပွင့်ဖြူ ပကဖ သတင်းပြန်ကြားရေးက မောင်းကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

မြန်မာနိုင်ငံတွင်း လူငယ်များကို စစ်တမ်းကောက်ယူရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံယုံကြည်မှု အမြင့်ဆုံးဟုဆို

အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။