ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်တို့  တက်ရောက်ခဲ့ပြီး

(၁) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးရဲ့ အခြေခံလမ်းစဥ်လုပ်ငန်းစဥ် 

(၂) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ

(၃)ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နည်းဥပဒေတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပို့ချဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို စုစုပေါင်း ( ၇၄) ယောက် ပါဝင်တက်ရောက်ခဲ့ပြီး ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင်တွေ၊ ဖားအံခရိုင်က ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံး (KYO) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အပါအဝင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာ(သူကြီး) တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းထီနှင့် အွန်လိုင်းဈေးရောင်းသည်ဟုဆိုကာ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင် ဖမ်းဆီး 

အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ အစည်းဝေးပြုလုပ်နေတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တမူးမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်အုပ်စု တိုက်ခိုက်ခံရ၊ စစ်အုပ်စုအဖွဲ့ဝင် အလောင်း ၆ ‌လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ရှိတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၂၄၀ ကျော်နဲ့ ဆေးရုံဆေးခန်း ၃၅၀ ကျော်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့

နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၄၀ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၃၅၀ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။